Connect with us

Environment, Disasters & Accidents

၂၀၁၅ ခုနှစ် စက်တင်ဘာလ အတွင်း၌် မြန်မာနိုင်ငံတွင် ယာဉ်မတော်တဆမှုပေါင်း ၁,၀၉၁ မှု ဖြစ်ပွားခဲ့ပြီး၊ ၂၇၅ ဦး သေဆုံး

၂၀၁၅ ခုနှစ် ၊ စက်တင်ဘာလ အတွင်း နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်များတွင် ယာဉ်မတော်တဆ ဖြစ်ပွားမှု အခြေအနေ (ဓာတ်ပုံ-မြန်မာနိုင်ငံရဲတပ်ဖွဲ့)

ရန်ကုန်၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ)

၂၀၁၅ ခုနှစ် စက်တင်ဘာလ အတွင်းတွင် မြန်မာနိုင်ငံရှိ နေပြည်တော် အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ယာဉ် မတော်တဆမှုပေါင်း ၁,၀၉၁ မှု ဖြစ်ပွားခဲ့ပြီး၊ ၂၇၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သတင်း ထုတ်ပြန်သည်။

စက်တင်ဘာလ အတွင်းတွင် ယာဉ်မတော်တဆမှုကြောင့် ဒဏ်ရာရသူပေါင်း ၁,၇၀၆ ဦးရှိခဲ့ကြောင်း သတင်း ထုတ်ပြန်ချက် ထဲတွင်ပါရှိသည်။

စက်တင်ဘာလ အတွင်း ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ ဦးရေသည် မန္တလေးတိုင်း ဒေသကြီး တွင် အများဆုံး ဖြစ်ပြီး ၄၈ ဦး သေဆုံးခဲ့ကာ ရန်ကုန်တိုင်း ဒေသကြီးတွင် ၄၃ ဦး သေဆုံးခဲ့ပြီး နေပြည်တော် တွင် ၁၂ ဦး သေဆုံး ခဲ့သည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117