Connect with us

Environment, Disasters & Accidents

ကယားပြည်နယ် မော်ချီးတွင်မြေပြိုမှုကြောင့် ၈ ဦးသေဆုံးပြီး လူအများအပြား ပျောက်ဆုံး

ကယားပြည်နယ် ဖားဆောင်းမြို့နယ် မော်ချီးဒေသတွင် မြေပြိုမှုကြောင့် နေအိမ်များ ပြိုကျ ပျက်စီး နေစဉ် (ဓာတ်ပုံ-စိုင်းလင်းလင်းဦး)

ရန်ကုန်၊ အောက်တိုဘာ ၁၂ ရက် (ဆင်ဟွာ)

ကယားပြည်နယ်၊ ဘော်လခဲ ခရိုင်၊ ဖားဆောင်းမြို့နယ် မော်ချီးကျေးရွာ အုပ်စုတွင် မိုးအဆက်မပြတ် ရွာသွန်း မှုကြောင့် မော်ချီးတောင်ပေါ် ကျေးရွာနှင့် လိုခါးလို ကျေးရွာ ကြား မြေပြိုကျကာ လူ ၈ ဦး သေဆုံးခဲ့ပြီး လူအများအပြား ပျောက်ဆုံးလျက်ရှိကြောင်း ယနေ့ ပြန်ကြားရေး ဝန်ကြီးဌာန၏ သတင်း ထုတ်ပြန်ချက် အရသိရသည်။

အဆိုပါ ဒေသတွင် မြေပြိုမှုကြောင့် နေအိမ် အလုံး (၃၀) ခန့် ပြိုလဲကာ အမျိုးသား (၅) ဦး၊ အမျိုးသမီး (၃) ဦး စုစုပေါင်း (၈) ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ယင်းမြေပြိုမှုကြောင့် မော်ချီး ၁၃ ကုန်း ရပ်ကွက်တွင် ၂ ဦးသေဆုံး ၂ ဦးပျောက်ဆုံး၊ တောင်ပေါ် ရပ်ကွက်တွင် ၅ ဦး ဒဏ်ရာ ရရှိပြီး ၂ ဦး ပျောက်ဆုံး၊ အောင်ချမ်းသာ ရပ်ကွက်တွင် တစ်ဦး သေဆုံး တစ်ဦး ဒဏ်ရာရှိကာ ၄ ဦး ပျောက်ဆုံး နေကြောင်း၊ အခြား ရပ်ကွက်များတွင်လည်း သေဆုံးမှုများနှင့် ပျောက်ဆုံးမှုများ ရှိနေကြောင်း သိရသည်။

လက်ရှိ မိုးများ အဆက်မပြတ် ရွာသွန်းနေ၍ မြေပြိုမှုများ ဆက်လက် ဖြစ်ပေါ်နေပြီး တချို့နေရာများ တွင် ကယ်ဆယ်ရေး အကူအညီများ အရေးကြီး လိုအပ်နေကာ ဒေသခံများသည်လည်း ဘေးလွတ်ရာ နေရာများသို့ ပြောင်းရွှေ့နေရကြောင်း ၎င်းကဆိုသည်။

နေအိမ် ပျက်စီးသူများနှင့် အန္တရာယ်ရှိ သော နေရာများတွင် နေထိုင်သည့် မိသားစုများကို မော်ချီး (အ.ထ.က)၊ အ.လ.က ခွဲ (တောင်ပေါ်)နှင့် သတ္တုတွင်း စီမံကိန်း ဆေးရုံဟောင်း နေရာများတွင် ကယ်ဆယ်ရေး စခန်းများ ဖွင့်လှစ် စောင့်ရှောက်ထားလျက် ရှိသည်။ မြေပြိုကျမှု ဖြစ်ပွားရာ နေရာများတွင် ဘော်လခဲခရိုင် အုပ်ချုပ်ရေးမှူး၊ ဖားဆောင်းမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရပ်/ကျေး အုပ်ချုပ်ရေး အဖွဲ့များ၊ ကျေးရွာသူ ကျေးရွာသားများက ကယ်ဆယ်ရေး လုပ်ငန်း များ ဆောင်ရွက်လျက်သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117