Connect with us

Environment, Disasters & Accidents

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ လေယာဉ် တစ်စီး ပြေးလမ်းချော် ၊ လေယာဉ် ပြေးလမ်း ခေတ္တပိတ်ထား

ပြေးလမ်း ချော်မှု ဖြစ်ပွားသော လေယာဉ်အား တွေ့ ရစဉ်(ဓာတ်ပုံ - Myanmar Aviation Development Association )

ရန်ကုန် ၊ စက်တင်ဘာ ၅ ရက်(ဆင်ဟွာ)

ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်တွင် ယနေ့စက်တင်ဘာ ၅ ရက်၌ တပ်မတော် လေယာဉ် တစ်စီး ပြေးလမ်း ချော်မှု ဖြစ်ပွားသောကြောင့် လေယာဉ် ပြေးလမ်း ခေတ္တ ပိတ်ထားကြောင်း ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်၏ YACL ကုမ္ပဏီမှ သတင်း ထုတ်ပြန်မှု အရ သိရသည်။

အဆိုပါ လေယာဉ်က နံနက် ၁၁ နာရီ ၊ မိနစ် ၂၀ အချိန်တွင် ပြေးလမ်း ချော်မှု ဖြစ်ပွားခဲ့ရာ လေယာဉ် ပြေးလမ်းအား နေ့လည် ၂ နာရီ ၊ မိနစ် ၂၀ နာရီ အထိ ၃ နာရီ အကြာ ခေတ္တပိတ်ထားမည် ဖြစ်ကြောင်း ၊ လေယာဉ် ပြေးလမ်း ပြန်လည် ဖွင့်လှစ်မည့် အချိန်ကို ထပ်မံ ကြေညာပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ပြေးလမ်း ယာယီ ပိတ်ထားစဉ် အတွင်း အဆင်းလေယာဉ် ခရီးစဉ်များ နောက်ကျမှုများ ဖြစ်ပေါ်နိုင်ပြီး ခရီးသည်များ အနေဖြင့် လေယာဉ်ခရီးစဉ် အချိန် ပြောင်းလဲမှုများ အတွက် သက်ဆိုင်ရာ လေကြောင်းလိုင်း များသို့တိုက်ရိုက် ဆက်သွယ် စုံစမ်းနိုင်ကြောင်း ထည့်သွင်း ထုတ်ပြန်ခဲ့သည်။(Xinhua)