Connect with us

Environment, Disasters & Accidents

မြန်မာနိုင်ငံ၏ ပထမဦးဆုံး ဆင်ပြတိုက် ရန်ကုန် တိရစ္ဆာန် ဥယျာဉ်၌ ဖွင့်လှစ်


ရန်ကုန် ၊ မတ် ၃ ရက်(ဆင်ဟွာ)

ကမ္ဘာ့တောရိုင်း တိရစ္ဆာန်များနေ့ အထိမ်းအမှတ် အဖြစ် မြန်မာနိုင်ငံ၏ ပထမဦးဆုံး ဆင်ပြတိုက်ကို ရန်ကုန် တိရစ္ဆာန် ဥယျာဉ် အတွင်းရှိ သဘာ၀ သမိုင်း ပြတိုက်၏ အစိတ်အပိုင်း တစ်ခု အဖြစ် ယနေ့မတ်လ ၃ ရက်တွင် ဖွင့်လှစ် ခဲ့သည်။

ဆင်ပြတိုက်အား သဘာ၀ သစ်တော နယ်မြေများ အတွင်း ကျက်စားနေကြသည့် တောဆင်ရိုင်းများအား ထိန်းသိမ်း ကာကွယ် နိုင်ရန် ၊ ဆင် နှင့် လူ ပဋိပက္ခ ဖြစ်ပွားမှုများကို လျော့နည်း လာစေရန် ၊ တောဆင်ရိုင်းများ သတ်ဖြတ် ခံနေရမှု ၊ ဆင် နှင့် ဆင်၏ အစိတ်အပိုင်းများ တရားမဝင် ကူးသန်း ရောင်းဝယ်နေမှုများအား တားဆီး နှိမ်နှင်းရေး လုပ်ငန်းများတွင် ပြည်သူလူထု သိမြင် နိုးကြားလာပြီး ပူးပေါင်း ကူညီ ဆောင်ရွက် လာစေရန် ၊ အိမ်မွေးဆင်များကို ထိန်းသိမ်း စီမံ အုပ်ချုပ်နေမှုများအား ပိုမို သိရှိ လာစေရန် နှင့် ဆင်တို့၏ မူလ သဘာ၀ အလေ့အထ နှင့် လူသားတို့နှင့် ဆင်တို့အကြား ဆက်နွယ်နေမှုများကို သိရှိလာစေရန် ရည်ရွယ် ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း သိရသည်။

ရန်ကုန် တိရစ္ဆာန် ဥယျာဉ် အတွင်းရှိ ဆင်ပြတိုက်ကို သယံဇာတ နှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်း ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း နှင့် WWF-MYANMAR Program ၏ Country Director Dr.Christy A.Williams တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။

ရန်ကုန် တိရစ္ဆာန် ဥယျာဉ် အတွင်း ဖွင့်လှစ်ထားသော ဆင်ပြတိုက်တွင် ခင်းကျင်း ပြသထားမှုများအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် တိရစ္ဆာန် ဥယျာဉ် အတွင်း ဖွင့်လှစ်ထားသော ဆင်ပြတိုက်တွင် ခင်းကျင်း ပြသထားမှုများအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် တိရစ္ဆာန် ဥယျာဉ် အတွင်း ဖွင့်လှစ်ထားသော ဆင်ပြတိုက်တွင် ခင်းကျင်း ပြသထားမှုများအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် တိရစ္ဆာန် ဥယျာဉ် အတွင်း ဖွင့်လှစ်ထားသော ဆင်ပြတိုက်တွင် ခင်းကျင်း ပြသထားမှုများအား တွေ့ရစဉ်(ဆင်ဟွာ)

ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်းက ယနေ့ ကမ္ဘာ့တောရိုင်း တိရစ္ဆာန်များနေ့ဖြစ်သော မတ်လ ၃ ရက်နေ့အား ဂုဏ်ပြု ကြိုဆိုသော အားဖြင့် မြန်မာနိုင်ငံ၌ ပထမဦးဆုံး ဆင်ပြတိုက်ကို ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြောင်း ၊ အဖိုးတန် သယံဇာတ ဖြစ်သည့် ဆင်များကို ထိန်းသိမ်းရန် လိုအပ်ကြောင်း ပညာပေး လုပ်ငန်း အနေဖြင့် ဆောင်ရွက်ရန် ဆင်ပြတိုက်ကို ဖွင့်လှစ် ရခြင်း ဖြစ်ကြောင်း ဖွင့်ပွဲ အခမ်းအနားတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ဆင်ပြတိုက် ဖြစ်မြောက်ရေး အတွက် သယံဇာတ နှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ၊ သစ်တော ဦးစီး ဌာနမှ တာဝန်ယူခဲ့ပြီး ပြတိုက် အတွက် လိုအပ်သည့် ရန်ပုံငွေ နှင့် နည်းပညာများကို WWF မှ အဓိက ပံ့ပိုးပေးကြောင်း ၎င်းက ပြောကြားခဲ့သည်။

ယခု ဖွင့်လှစ်သော ဆင်ပြတိုက်၌ မြန်မာ့ သမိုင်းတွင် တောဆင်ရိုင်း နှင့် အိမ်မွေးဆင် များ၏ အရေးပါသော အခန်း ကဏ္ဍကို ပြသထားသကဲ့သို့ ယနေ့အချိန်တွင် ၎င်းတို့ ရင်ဆိုင်ကြုံတွေ့နေရသော ခြိမ်းခြောက်မှုများ ရေရှည် ရှင်သန်ရပ်တည်နိုင်ရန် ဆောင်ရွက်နေသော အစီအစဉ်များကိုပါ ထည့်သွင်းပြသထားကြောင်း သိရသည်။

ဆင်သမိုင်းတွင် ပြသပစ္စည်းများ ပါဝင်သော ပြကွက်များမှာ ဆင်ကျောက်ဖြစ် ရုပ်ကြွင်းများ ၊ နိဗ္ဗာန ပစ္စယ နာဂ ရာဇာ ဆဒ္ဒန် ဆင်မင်း၏ အစွယ် တစ်စုံ ၊ ဆင်များကို အသုံးပြုရာတွင် တပ်ဆင်သည့် အသုံးအဆောင် ပစ္စည်းများ ၊ သက်တမ်းရင့် ဆင်ကြီး တစ်ကောင်၏ အရိုးစု ၊ ကင်မရာ ထောင်ချောက် နှင့် ခြေရာခံ လည်ပတ် ၊ တရားဝင် ရောင်းဝယ် ဖောက်ကားခွင့် မပြုသည့် ဆင်စွယ် ၊ ဆင်ရိုး တို့ဖြင့် ပြုလုပ်ထားသည့် အနုပညာ လက်ရာ ပစ္စည်းများ ၊ တရားမဝင် သတ်ဖြတ်ခံထားရသော ဆင်သေ ပုံစံငယ် ၊ ဆင်နှင့် ပတ်သက်သော မှတ်တမ်း စာအုပ်များ ပြသထားကြောင်း သိရသည်။

ရန်ကုန် တိရစ္ဆာန် ဥယျာဉ် အတွင်း ဖွင့်လှစ်ထားသော ဆင်ပြတိုက်ကို ပိတ်ရက်မရှိ ဖွင့်လှစ်သွားမည်ဖြစ်၍ ပြည်တွင်း၊ ပြည်ပ ဧည့်သည်များ မည်သူမဆို လာရောက် လေ့လာ ကြည့်ရှုနိုင်ကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်း သဘာဝသစ်တောနယ်မြေများ၌ လက်ရှိတွင် တောဆင်ရိုင်း ခန့်မှန်း ကောင်ရေ ၁,၅၀၀ ခန့်နှင့် အစိုးရနှင့် ပုဂ္ဂလိကပိုင် မှတ်ပုံတင်ထားသည့် ဆင်ကောင်ရေ ၃,၀၀၀ မှ ၅,၀၀၀ ခန့်အထိ ရှိပြီး ဆင် သတ်ဖြတ် ခံရမှု ပမာဏအနေဖြင့် တစ်ပတ်လျှင် အနည်းဆုံး ဆင်တစ်ကောင်နှုန်း အထိ အသတ် ခံခဲ့ ရခြင်း ဖြစ်ကြောင်း တောဆင်ရိုင်းများကိုသာမက အစိုးရပိုင်နှင့် ပုဂ္ဂလိကပိုင် လုပ်ငန်းသုံးဆင်၊ မွေးမြူ ထားသော ဆင်များ ကိုပါ ပစ်မှတ် ထား သတ်ဖြတ်လာကြသည်ကို တွေ့ရှိရကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117