Connect with us

Environment, Disasters & Accidents

ဖားကန့်မြို့နယ်၌ ရေမဆေးကျောက် ရှာဖွေသူ ၂ ဦး ရွှံ့နွံ အတွင်း နစ်မြုပ် သေဆုံး

ဖားကန့်မြို့ရှိ လုပ်ကွက်များအတွင်း ရေမဆေးကျောက်ရှာဖွေနေသူများအား တွေ့ရစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန် ၊ ဇွန် ၃ ရက်(ဆင်ဟွာ)

ဖားကန့်မြို့နယ်၌ ရေမဆေးကျောက် ရှာဖွေသူ ၂ ဦးသည် ရေမဆေးကျောက် ရှာဖွေနေစဉ် မြေစာများ နှင့် အတူ လျောကျပြီး အောက်ခြေရှိ ရွှံ့နွံကန် အတွင်းသို့နစ်မြုပ်သွားခဲ့ရာမှ ဇွန် ၂ ရက်တွင် ၎င်းတို့ ၂ ဦး၏ ရုပ်အလောင်းများအား ရွံ့နွံကန်အတွင်းမှ ပြန်လည် တွေ့ရှိခဲ့ရကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

ဖားကန့်မြို့နယ် မှော်စီ စာကျေးရွာ “စံတော်ဝင်” ကျောက်မျက်ကုမ္ပဏီရှိ စွန့်ပစ်မြေစာပုံ အဟောင်း အောက်ခြေ ၌ မေလ ၃၁ ရက်တွင် ရေမဆေးကျောက် ရှာဖွေသူ ရွာသား ၂ ဦးသည် ရေမဆေးကျောက် ရှာဖွေနေစဉ် မြေစာများ လျောကျလာပြီး မြေစာများနှင့် အတူ အောက်ခြေရှိ ရွံ့နွံကန်အတွင်းသို့ နစ်မြုပ်သွားခဲ့ကြောင်း သိရသည်။

ထိုရေမဆေးကျောက် ရှာဖွေသူ ၂ ဦး၏ ရုပ်အလောင်းများအား ဇွန် ၂ ရက်တွင် ရွံ့နွံကန်အတွင်းမှ ပြင်ပ ဒဏ်ရာတစ်စုံတစ်ရာ မတွေ့ ရှိဘဲ ပြန်လည် တွေ့ရှိရပြီး လုံးခင်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း ၊ ထိုသေဆုံးမှုအား လုံးခင်းနယ်မြေရဲစခန်း သေမှုသေခင်း အမှတ်စဉ် (၂၇/၂၀၁၈)ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း သိရသည်။(Xinhua)