Connect with us

Environment, Disasters & Accidents

ရခိုင်ပြည်နယ်၊ ဂွမြို့တွင် မိုးရွာသွန်းမှုကြောင့် ရန်ကုန်-ဂွကားလမ်း မြေသားနိမ့်ကျ အက်ကွဲမှုဖြစ်ပွား

မြေသားနိမ့်ကျ အက်ကွဲမှု ဖြစ်ပွားပြီးနောက်တွေ့ရစဉ် (ဓာတ်ပုံ--MOI)

ရန်ကုန်၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်၊ ဂွမြို့တွင် မိုးရွာသွန်းမှုကြောင့် ရန်ကုန်-ဂွကားလမ်း မြေသားနိမ့်ကျ အက်ကွဲမှုနှင့် ကားများ ပိတ်ဆို့မှုဖြစ်ပွားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန က ယနေ့သတင်းထုတ်ပြန်သည်။

ရခိုင်ပြည်နယ် ဂွမြို့ (ရန်ကုန်-ငါးသိုင်းချောင်း-ဂွ)ကားလမ်း ကီလိုမီတာတိုင်(၃၈နှင့်၃၉)ကြား ဒေါင်းချောင်းကျေးရွာအုပ်စု ဗောဓိကျေးရွာအနီး၌ ယနေ့နံနက် ၄ နာရီခွဲတွင် မိုးရွာသွန်းမှုကြောင့် ကားလမ်းမြေသား နိမ့်ကျအက်ကွဲမှုဖြစ်ပြီး ကားများပိတ်ဆို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါလမ်းမှာ ကတ္တရာလမ်းဖြစ်ပြီး လမ်းနိမ့်ကျ အက်ကွဲမှုမှာ အလျား (၁၀၀)ပေခန့် အကျယ်(၁၅)ပေခန့်ရှိပြီး အောက်သို့ (၁ပေခွဲ)ခန့် နိမ့်ကျသွားသောကြောင့် ရန်ကုန်မှဂွမြို့သို့ မောင်းနှင်လာသော ယာဉ်အမှတ် IP/6—— မျိုးဆက်သစ် ခရီးသည်တင်ယာဉ်မှာ လမ်းဘယ်ဘက်ခြမ်းမှ ကွေ့၍ ဖြတ်သန်းမောင်းနှင်စဉ် မြေသားလမ်းတွင် ဘီးကျွံသဖြင့် ရန်ကုန်နှင့် ဂွမြို့ဘက်ခြမ်းမှ အသီးသီး မောင်းနှင်လာသော ကားများ ခေတ္တပိတ်ဆို့မှု ဖြစ်ပွားခဲ့ကြောင်း နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး၊မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် မြို့နယ်စခန်းမှူးတို့မှ ကြီးကြပ်၍ လမ်းရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.