Connect with us

Environment, Disasters & Accidents

ဘုရားဖူးယာဉ် တံတားအောက်ထိုးကျသဖြင့် လူ ၃၀ ဦး ဒဏ်ရာရ

လွိုင်လင်မြို့တွင် တိမ်းမှောက်သွားသော ယာဉ်အားတွေ့ရစဉ်(ဓာတ်ပုံ-ပြည်ထဲရေး)

ရန်ကုန်၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ)

မိတ္ထီလာ – ကျောက်ပန်းတောင်း ကားလမ်း၌ ယနေ့ နံနက် ၇ နာရီခွဲခန့်တွင် ယာဉ်မတော်တဆမှုကြောင့် ဘုရားဖူးယာဉ်တစ်စီး တံတားအောက် ပြုတ်ကျခဲ့ပြီး လူ ၃၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ယင်း ကားလမ်း မိုင်တိုင်အမှတ် ၁၇/၁ ညောင်ပင်သာကျေးရွာအနီး ညောင်ပင်သာတံတား၌ ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ်နေသူ မောင်းနှင်လာသော ယာဉ်အမှတ် 3K/==== HYUNDAI အမျိုးအစား ဖြူ/ပြာကြားအရောင် ခြောက်ဘီးမှန်လုံ ဘုရားဖူးယာဉ်သည် ရန်ကုန်မှ အမြန်လမ်းမကြီးအတိုင်း ပုပ္ပါးသို့ ဘုရားဖူးသွားရာမှ ကား၏ရှေ့ညာဘက် တိုင်းရော့ ပြုတ်ကျ၍ လမ်း၏ညာဘက် တံတားအောက်သို့ ထိုးကျသွားပြီး ယာဉ်ပေါ်ပါရှိသူ ခရီးသည် (၄၉)ဦးအနက် (၃၀)ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး ယာဉ်မောင်းအား အလည်ရွာရဲကင်းစခန်းမှ အမှုဖွင့် ဆောင်ရွက်ထား ကြောင်း သိရသည်။(Xinhua)