Connect with us

Environment, Disasters & Accidents

မင်္ဂလာဈေး မီးလောင်မှု ကျပ်သိန်းပေါင်း ၃၆၆၀၂သိန်းခန့် ပျက်စီးဆုံးရှုံး

မင်္ဂလာဈေး မီးလောင်နေစဉ်

ရန်ကုန်၊ ဇန်နဝါရီ ၁၀ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့ မင်္ဂလာတောင်ညွှန့်မြို့နယ် မင်္ဂလာဈေး မီးလောင်မှုသည် တန်ဖိုးငွေ သိန်းပေါင်း ၃၆၆၀၂ သိန်းဖိုး ပျက်စီးဆုံးရှုံးမှု ရှိခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးမြင့်ထွေးက ပြောကြားသည်။

အဆိုပါ မင်္ဂလာဈေးကြီးသည် ဇန်နဝါရီလ ၉ရက်နေ့မနက် ၁နာရီ မိနစ် ၂၀ ခန့်က မီးစတင် လောင်ကျွမ်းခဲ့ပြီး ဆိုင်ခန်းပေါင်း ၁၆၃၆ခန်းထိ ကူးစက်လောင်ကျွမ်းခဲ့ကြောင်း ၎င်းကဆိုသည်။

ယင်းဈေးမီးလောင်မှုသည် ၄လွှာက ဆိုင်အမှတ် ၄၅၁ရှိ လိပ်ဆွဲတံခါးတပ်ဆင်ရန် လျှပ်စစ်သုံးရာမှ ဝါယာရှော့ဖြစ်ကာ ဆိုင်ခန်းများပိတ်ချိန် မနက် ၁နာရီဝန်းကျင်တွင် မီးစတင်လောင်ကျွမ်းခဲ့ကြောင်း၊ အဆိုပါ အလုပ်သမားငါးဦးနှင့် ဈေးလျှပ်စစ်တာဝန်ခံကိုအရေးယူထားကြောင်း သိရှိရသည်။

မီးလောင်ကျွမ်းမှုမှာ စားသောက်ဆိုင်များ ဆေးဝါးပစ္စည်းဆိုင်များ အလှကုန်ပစ္စည်းဆိုင်များ နှင့် အိမ်သုံးပစ္စည်းဆိုင်များ ပါဝင်ခဲ့သည်။

မင်္ဂလာဈေးကြီးသည် ပြီးခဲ့သည့် ၂၀၁၀ခုနှစ် မေလ အတွင်းကလည်း ပထမအကြိမ် မီး အကြီးအကျယ် လောင်ကျွမ်းခဲ့ပြီးနောက် ယခု ဒုတိယ အကြိမ်မြောက် ထပ်မံလောင်ကျွမ်းခြင်းဖြစ်ပြီး မီးငြိမ်းသတ်မှုအချိန် ၆ နာရီကျော် ကြာမြင့်ခဲ့ပြီး Level 5 အဆင့်ထိ သတ်မှတ် ခဲ့သည်။

လက်ရှိ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲသည့် မင်္ဂလာဈေးဝင်းအတွင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင် အင်အား ၁၆၀ဦးက လုံခြုံရေး ဆောင်ရွက်ပေးလျှက်ရှိသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.