Connect with us

Environment, Disasters & Accidents

မတ္တရာမြို့နယ် အတွင်း တံငါချောင်းမကြီးမှ ရေများ မြင့်တက်မှု ဖြစ်ပွား

မန္တလေးတိုင်း ဒေသကြီး မတ္တရာမြို့နယ် အတွင်း ရေကြီးရေလျှံမှု အား မြင်တွေ့ရစဉ် (ဓာတ်ပုံ-MOI)

ရန်ကုန်၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ)

မန္တလေးတိုင်း ဒေသကြီး ၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ် အတွင်း တောင်ကျရေကြောင့် ဆည်တော်ကြီး ရေလှောင်တမံမှ သတ်မှတ်ရေ အမှတ်ထက် ကျော်လွန်သော ရေများကို ရေထွက်ပေါက်မှ
ရေချိန်လျှော့ သဖြင့် ယနေ့နံနက် (၆) နာရီ အချိန်မှစ၍ မတ္တရာမြို့နယ်အတွင်းရှိ တံငါချောင်းမကြီး၏ သတ်မှတ်သည့် ရေ အမှတ် (၂၁) ပေသို့ရေအပြည့် ဝင်ရောက် သဖြင့် ချောင်းမကြီး ဘေးရှိ ကျေးရွာများသို့ ရေအနည်းငယ် ဝင်ရောက်လျှက် ရှိကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနမှ ယနေ့ သတင်း ထုတ်ပြန်သည်။

အဆိုပါ ချောင်းရေလျှံခြင်းကြောင့် ယနေ့နံနက် (၇) နာရီအချိန်တွင် အနီးအနားရှိ ကျေးရွာများ ၊ မန္တလေး -မိုးကုတ် ကားလမ်းမပေါ်ရှိ မိုင်တိုင်အမှတ် (၂၅/၄ ) နှင့် (၂၅/၅) ကြားတွင် ကားလမ်းမ ပေ ၄၀၀ ခန့်အား (၁) ပေခန့် ရေကျော် လျှက်ရှိရာ အုတ်တိုက်၊ အထက်တောင်ကိုင်း၊ သပြေသာ၊ သပြေချောင်၊ အင်းတံခါး၊ ဝေါစု၊ ချောင်းကြီးရိုး၊ ကျွဲတပ်၊ ပုဂံစု နှင့် ကျောက်စရစ် (မ) စသည့် ကျေးရွာများတွင် (၁) ပေမှ (၃) ပေခန့် အထိ ရေများ ဝင်ရောက်လျှက် ရှိသည်။

ထို့နောက် ရေဝင်ရောက်သည့် ကျေးရွာများမှ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာသူ ကျေးရွာသား များမှ ရေဝင်ရောက်သည့် နေရာများကို သဲအိတ် များဖြင့် ဘောင်ဖို့ခြင်း၊ ရေကင်းများချထား၍ စောင့် ကြည့်လျှက် ရှိကြောင်းနှင့် မြို့နယ် သဘာဝ ဘေးအန္တရာယ် ကာကွယ်ရေး စောင့်ရှောက်ရေး စီမံခန့်ခွဲမှု ကော်မတီဝင်များမှ လည်း လိုအပ်သည်များ ကိုကြိုတင် ပြင်ဆင် ဆောင်ရွက်လျှက် ရှိပြီး ရေဝင်ရောက်သည့် ကျေးရွာများသို့ သွားရောက်၍ အနီးကပ် ကြီးကြပ် ဆောင်ရွက်လျှက်ရှိ ကြောင်း သတင်းရရှိသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117