Connect with us

Environment, Disasters & Accidents

ရေဘေးသင့် ပြည်သူများ အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနမှ ကျပ်သိန်း ၅,၀၀၀ ကျော် ထောက်ပံ့ခဲ့

ရေကြီးရေလျှံမှု ဖြစ်ပွားနေသော စစ်ကိုင်းတိုင်း ဒေသကြီး ကလေးမြို့ (ဆင်ဟွာ)

ရန်ကုန်၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ)

ရေဘေးသင့် ဒေသများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်ေ နရာချထားရေး ဝန်ကြီးဌာနမှ ကျပ်သိန်း ၅,၀၀၀ ကျော် ထောက်ပံ့ ခဲ့ကြောင်း လူမှု့ဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနမှ ယနေ့ သတင်းထုတ်ပြန်သည်။

အဆိုပါ ရေဘေးကြောင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် သေဆုံးသူ ဦးရေ ၁၀၆ ဦးရှိခဲ့ပြီး လူဦးရေ စုစုပေါင်း ၁.၄၉ သန်းကျော် ရေဘေးဒဏ် ခံစားခဲ့ရသည်။ရိက္ခာများတွင် ဆန်ရိက္ခာ တန်ဖိုးငွေကျပ် ၉၃,၇၆၈,၇၅၀၊ အရေးပေါ် အစားအစာ တန်ဖိုးငွေကျပ် ၁၅,၂၄၄,၂၃၀ ၊ အိမ်ဆောက ်ပစ္စည်း တန်ဖိုး ငွေကျပ် ၁၄၉,၈၅၀,၀၀၀ ထောက်ပံ့ ပေးထားပြီးကယ်ဆယ်ရေးပစ္စည်း နှင့် ပတ်သက်၍ ကယ်ဆယ်ရေး ပစ္စည်းတန်ဖိုး ငွေကျပ် ၃၀၆,၂၇၀,၄၂၈ နှင့် သေဆုံးမှု ထောက်ပံ့ကြေး ငွေကျပ် ၉,၀၀၀,၀၀၀ စုစုပေါင်း တန်ဖိုးငွေကျပ် ၅၇၄,၁၃၃,၄၀၈ ကို ပေးပို့ ထောက်ပံ့ခဲ့ကြောင်း သတင်း ရရှိသည်။

မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် ဇွန်လ ၂၄ ရက်မှ ၂၈ ရက်အထိ တိုင်းဒေသကြီး သုံးခုနှင့် ပြည်နယ် နှစ်ခုတွင် လည်းကောင်း၊ ဇူလိုင်လ ၁၆ရက်မှ ဩဂုတ်လ ၁၄ ရက်အထိ တိုင်းဒေသကြီး ခြောက်ခုနှင့် ပြည်နယ် ခြောက်ခုတို့တွင် လည်းကောင်း မိုးကြီး ရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည်။

ရေကြီး ရေလျှံမှုကြောင့် ထိခိုက်ခဲ့သော လယ်ယာမြေများနှင့် ပတ်သက်၍လည်း ဆောင်ရွက်မှုများ ပြုလုပ်နေပြီး ရခိုင်ပြည်နယ်တွင် ဇွန်၊ ဇူလိုင်၊ သြဂုတ်လများအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့နယ် ၁၅ မြို့နယ်တွင် စပါးစိုက်ဧက ၂၁၇,၂၄၆ ပျက်စီး ခဲ့ပြီး၊ ပျက်စီးဧကများ ပြန်လည် စိုက်ပျိုးနိုင်ရေးအတွက် တစ်ဧကလျှင် တစ်တင်းနှုန်းဖြင့် မျိုးစပါး တင်းပေါင်း ၂၁၇,၂၄၆ တင်း လိုအပ်မည် ဖြစ်သော်လည်း တောင်သူအများစုသည် မိမိလက်ဝယ်တွင်ရှိသော အရန် မျိုးစပါးများဖြင့်လည်း စိုက်ပျိုးသွားကြမည် ဖြစ်သည့်အတွက် အမှန်တကယ် ဖြန့်ဖြူးရမည့် မျိုးမှာ ၆၁,၅၈၁ တင်းဖြစ်ရာ ဧပြီ ၁၂ ရက်အထိ မျိုးစပါး ၁၄,၈၈၁ တင်းကို ဖြန့်ဖြူးပြီး ဖြစ်ကြောင်း၊ ပျက်စီး ဧကများအား ပြန်လည် စိုက်ပျိုးမှုမှာ ဧပြီလ ၁၂ ရက်အထိ ၇၆,၂၇၆ ဧက စိုက်ပျိုးပြီး ဖြစ်ကြောင်း လယ်ယာ စိုက်ပျိုးရေး နှင့် ဆည်မြောင်း ဝန်ကြီးဌာန မှ သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117