Connect with us

Environment, Disasters & Accidents

မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် သရက်မြို့နယ် တုတ်ကိုင်း တံတား မျောပါ ပျက်စီး

မကွေးတိုင်းဒေသကြီး ၊ သရက်မြို့ ရှိ တုတ်တိုင်း တံတား ကျိုးပြတ် ပျက်စီးမှု အားမြင်တွေ့ရစဉ် (ဓာတ်ပုံ-မြဝတီ)

ရန်ကုန်၊ အောက်တိုဘာ ၁၂ ရက် (ဆင်ဟွာ)

မကွေးတိုင်းဒေသကြီး ၊ သရက်မြို့တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် သရက်-မင်းလှ လမ်းမိုင်တိုင် အမှတ် ၁၄/၅ ရှိ သံဘေလီ တံတား အမျိုးအစား အရှည်ပေ ၂၄၀ ခန့်ရှိသော တံတားအမှတ် ၄/၂၀၁၅ တုတ်တိုင်း တံတားသည် ယနေ့ နံနက် (၂း၀၀) အချိန်တွင် ချောင်းရေစီးတွင် မျောပါ ပျက်စီးခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနက သတင်း ထုတ်ပြန်သည်။

ရေဘွက်အုပ်စု၊ တောမွန် ကျေးရွာ အနီး မိုင်တိုင်အမှတ် ၁၁/၄ ရှိ သံကူ ကွန်ကရစ် တံတားအမျိုးအစား အရှည်ပေ ၁၄၀ ခန့်ရှိ တံတားအမှတ် ၁/၁၂ စွယ်တော်တံတားကိုလည်း ချောင်းရေကျော် သဖြင့် သွားလာရေး ပြတ်တောက်လျက်ရှိ ကြောင်း ၊အဆိုပါ တံတားများ မျောပါခြင်း၊ ရေကျော်ခြင်း များကြောင့် လူနှင့် တိရစ္ဆာန်များ ထိခိုက် ပျက်စီးဆုံး ရှုံးမှု မရှိဘဲ ချောင်းရေ လျှံခြင်းကြောင့် လူနှင့် တိရစ္ဆာန် များ ဘေးအန္တရာယ်ကင်း ရှင်းစေရန် သက်ဆိုင်ရာ တာဝန်ရှိသူများ ကွင်းဆင်း ဆောင်ရွက်လျက် ရှိကြောင်း သတင်း ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117