Connect with us

Environment, Disasters & Accidents

မြစ်သားမြို့ မိုးသက်လေပြင်းကြောင့် ရွာ ၆ ရွာရှိ လူဦးရေ ၂၀၆ ဦးခန့် လူနေအိမ်များ ပျက်စီးမှုနှင့် ကြုံတွေ့

မိုးသက်လေပြင်းကျပြီးနောက်တွေ့ရစဉ် (မြဝတီ)

ရန်ကုန်၊ မေ၁၅ရက် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့ မိုးသက်လေပြင်းကြောင့် ရွာ ၆ ရွာရှိ လူဦးရေ ၂၀၆ ဦးခန့် လူနေအိမ်များ ပျက်စီးမှုနှင့် ကြုံတွေ့နေရကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။

မြစ်သားမြို့နယ်အတွင်း မေ ၁၃ ရက် ညနေပိုင်းက မိုးသက်လေပြင်းများ တိုက် ခတ်ခဲ့ ရာ မြစ်သားမြို့ အနောက်ဘက် အခြမ်းရှိ ရွာ ၆ ရွာမှ လူဦးရေ ၂၀၆ ဦးခန့် လူနေအိမ်များ ပျက်စီးမှုများနှင့် ကြုံတွေ့ ခဲ့ရကြောင်း သိရသည်။
မြစ်သားအနောက်ခြမ်းရှိ အင်းရင်း၊ ဆင်ခြံ၊ ဝက်ထိန်း၊ ပေါက်မြိုင်၊ ရစ်ကန်၊ ကျားတွင်း ကျေးရွာတို့တွင် မိုးသက်လေပြင်းများကြောင့် ၁၃ အိမ်ပြိုကျ၊ ၃၁ အိမ် အမိုးလန်၊ နွား ၁ ကောင်သေဆုံး၊ ဆင်ခြံကျေးရွာ စာသင် ကျောင်း မျက်နှာကျက် ၁၇ချပ် ပြိုကျ၊ ဘုန်းကြီးကျောင်း အုတ်တံတိုင်း ၁၄ ပေ ပြိုကျနှင့် ဝက်ထိန်းကျေးရွာ စာသင်ကျောင်း မျက်နှာကျက် ၆၅ ချပ် ပြိုကျခဲ့ကြောင်း သတင်းရှိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.