Connect with us

Environment, Disasters & Accidents

ရန်ကုန် တိုင်းဒေသကြီးတွင် လေးလအတွင်း ယာဉ်တိုက်မှု ၉၅၃ မှု ဖြစ်ပွား

ယာဉ်တိုက်ထားသည့် မော်တော်ကားများအားသယ်ဆောင်သွားစဉ် (ဓာတ်ပုံ-မြဝတီ)

ရန်ကုန်၊ မေ ၁၆ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့တွင် ယခုနှစ် ပထမ လေးလအတွင်း ရန်ကုန် တိုင်းဒေသကြီး၌ ယာဉ်မတော် တဆမှုပေါင်း ၉၅၃ မှု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန် တိုင်းဒေသကြီး အမှတ် (၂) ယာဉ်ထိန်း တပ်ဖွဲ့ခွဲမှူး ရုံးမှ ထုတ်ပြန် ကြေညာချက်အရ သိရသည်။

အဆိုပါ ယာဉ် မတော်တဆမှု များသည် ယခုနှစ် ဇန်နဝါရီလ ၁ ရက် မ ှဧပြီလကုန် အထိ ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ယာဉ်မတော်တဆမှု များကြောင့် ထိခိုက် ဒဏ်ရာရသူ စုစုပေါင်း ၁,၂၉၃ ဦးရှိကာ သေဆုံးသူ ၂၃၃ ဦး ရှိခဲ့ကြောင်း ၎င်းထုတ်ပြန်ချက် ထဲတွင် ပါရှိသည်။

ယင်းယာဉ်မတော်တဆမှု များတွင် မူးယစ် ရမ်းကား မောင်းနှင်မှုကြောင့် ၂၄ မှု၊ မဆင်မခြင် မောင်းနှင်မှုကြောင့် ၄၈၄ မှု၊ လမ်းစည်းကမ်း ဖောက်ဖျက်မှုကြောင့် ၁၉၇ မှု၊ ယာဉ်မောင်း မကျွမ်းကျင်မှုကြောင့် ၉၁ မှု၊ ပေါ့ဆ မှုကြောင့် ၅၂ မှု၊ သက်ငယ် ယာဉ်မောင်းမှုကြောင့် တစ်မှုနှင့် လမ်းသွားလမ်းလာ ပေါ့ဆမှုကြောင့် ၁ဝ၄ မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး ယာဉ်ထိန်း တပ်ဖွဲ့အနေဖြင့် ယာဉ်စည်းကမ်း ထိန်းသိမ်းရေး အပြင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပညာပေးဟောပြောမှု အစီအစဉ်များ ချမှတ် ဆောင်ရွက်နေသော်လည်း စည်းကမ်းလိုက်နာမှု အားနည်း နေခြင်းကြောင့် ယာဉ်မတော်တဆမှုများ နေ့စဉ်နှင့် အမျှ ဖြစ်ပွားလျက် ရှိသည်။ ပြီးခဲ့သည့် ဧပြီလ တစ်လတည်းမှာပင် ယာဉ်မတော်တဆမှုပေါင်း ၂၂ မှု ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရသူ ၂၈ဝ ရှိ ကာ သေဆုံးသူ ၅၈ ဦးရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.