Connect with us

Environment, Disasters & Accidents

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၌ မီးလောင်မှုကြောင့် နေအိမ် ၁၄ လုံးဆုံးရှုံးခဲ့ပြီး အမျိုးသမီး ၁ ဦး ဒဏ်ရာရရှိမှုဖြစ်ပွား

မြောက်ဥက္ကလာပမြို့နယ်၌ မီးလောင်မှုဖြစ်ပွားစဉ် (ဓာတ်ပုံ--ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ မတ် ၁၁ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၌ မီးလောင်မှုကြောင့် နေအိမ် ၁၄ လုံးမီးလောင်ဆုံးရှုံးခဲ့ပြီး အမျိုးသမီး ၁ ဦး ဒဏ်ရာရရှိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ၂၀၁၉ခုနှစ်၊ မတ်လ ၁၀ ရက် ၀၈း၅၀နာရီ တွင်မြောက်ဥက္ကလာပမြို့နယ် (ဆ) ရပ်ကွက်နေ ဒေါ်မာလာ(၄၀)နှစ်၏ နေအိမ်နောက်ဖေးမှစ၍ မီးစတင်လောင်ကျွမ်းခဲ့ရာ သွပ်မိုး/ အုတ်ခံ/ ပျဉ်ကာ/ ထရံကာ နေအိမ် ၁၄ လုံးမီးလောင်ဆုံးရှုံးခဲ့ကြောင်း၊ ၀၉း၃၀နာရီ တွင် မီးငြိမ်းခဲ့ပြီး မီးလောင်မှုကြောင့် ဒေါ်မာလာတွင် ယာလက်ဖဝါး/လက်ဖမိုးတို့တွင် မီးလောင်ဒဏ်ရာများ (မစိုးရိမ်ရ)ရရှိခဲ့ကြောင်း သိရသည်။

မီးလောင် ရသည့် အကြောင်းရင်းအားဘုတ်အဖွဲ့ဖြင့် စစ်ဆေးလျက်ရှိကြောင်းနှင့် ၁၄း၀၅နာရီ တွင် ဒေါ်မာလာ အား မြောက်ဥက္ကလာပမြို့မရဲစခန်း (ပ)၃၈၀/၂၀၁၉၊ ရာဇသတ်ကြီး ပုဒ်မ ၂၈၅ (မီးပေါ့ဆမှု)ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)