Connect with us

Environment, Disasters & Accidents

လေဖိအားနည်း ရပ်ဝန်း ပိုမိုအားကောင်းလာ၊ မုန်တိုင်းငယ် ဖြစ်လာနိုင်

မုန်တိုင်းငယ် ဖြစ်နိုင်ခြေပြ မြေပုံအား တွေ့ရစဉ် (ဓာတ်ပုံ-မိုးဇလ)

ရန်ကုန်၊ မေ ၁၆ ရက် (ဆင်ဟွာ)

ဘင်္ဂလား ပင်လယ်အော် အနောက်တောင်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျှက် ရှိသော သီရိလင်္ကာ အနီးတွင် ဖြစ်ပေါ်နေသော လေဖိအားနည်း ရပ်ဝန်းသည် ဆက်လက် တည်ရှိနေပြီး အဆိုပါ လေဖိအားနည်း ရပ်ဝန်းသည် ပိုမို အားကောင်းလာကာ နောက် (၁၈) နာရီအတွင်း မုန်တိုင်းငယ် အဖြစ်သို့ ရောက်ရှိပြီး၊ အနောက်မြောက်ဘက်သို့ ဆက်လက် ရွေ့လျားနိုင်သည်ဟု ခန့်မှန်းရကြောင်း မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ သတင်း ထုတ်ပြန်သည်။

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော် တောင်ပိုင်းတို့တွင် တိမ်ထူထပ်နေပြီး၊ ကျန်ဘင်္ဂလား ပင်လယ်အော်တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေကြောင်း သိရသည်။ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာ နိုင်ကြောင်း၊ ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်း တစ်လျှောက် ပင်လယ်ပြင် ခရီးအတွက် ယနေ့ မွန်းတည့်မှ နောက် (၂၄) နာရီအတွင်း ခန့်မှန်းချက် နေရာကွက်ကျား မိုးထစ်ချုန်း ရွာနိုင်ကြောင်း၊ တောင် (သို့) အနောက်တောင် တစ်နာရီ ပင်လယ်မိုင် (၁၀ – ၁၅)မိုင်၊ ရံဖန်ရံခါ မိုင် (၃၀) အထိ တိုက်ခိုက်နိုင်ကြောင်း၊ လှိုင်းအသင့်အတင့် ရှိနိုင်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.