Connect with us

Environment, Disasters & Accidents

သစ်တော ပြုန်းတီးမှုကြောင့် ကျွန်းသစ် ထုတ်လုပ်မှု ယခုနှစ်၌ ရပ်ဆိုင်းမည်

မြန်မာနိုင်ငံရှိ သစ်ထုတ်လုပ်ရေး စခန်းတစ်ခုအား တွေ့ရစဉ် (ဓာတ်ပုံ-မြဝတီ)

ရန်ကုန်၊ ဧပြီ ၂၇ ရက် (ဆင်ဟွာ)

သစ်တောများ ပြုန်းတီးလာခြင်းကြောင့် ယခုနှစ်အတွင်း ကျွန်းသစ် ထုတ်လုပ်မှု ရပ်ဆိုင်းထားမည် ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန သစ်တော ဦးစီးဌာနမှ သိရသည်။

တခြားသစ်မာ ထုတ်လုပ်မှုများကိုလည်း ယခင်က ထုတ်ယူထားပြီးသော ပြည်တွင်း လက်ကျန် စာရင်းများကို စိစစ်ကာ ပြည်တွင်း လိုအပ်ချက်အရသာ ထုတ်ယူသွားမည် ဖြစ်သည်။

တရားမဝင် ခုတ်ယူမှု ပမာဏ မြင့်မားနေခြင်းကြောင့် ကျွန်းသစ် အရေအတွက် လျော့နည်းလာရာ ယခုနှစ်မှစ၍ ကျွန်းသစ်ကို လုံးဝ ထုတ်ယူခြင်း မရှိသည်အထိ ရပ်ဆိုင်း နိုင်ရန် စီစဉ် ဆောင်ရွက်သွားမည် ဖြစ်သည်။

အဆိုပါ ရပ်ဆိုင်းမှု မပြုလုပ်လျှင် သစ်တောများ လုံးဝ ပြုန်းတီးသွားနိုင်ဖွယ် ရှိကြောင်း ၊ လက်ရှိတွင် မြန်မာနိုင်ငံ အတွင်းရှိ သစ်တောများ၌ အမျိုးအစား ကောင်းမွန်သည့် ကျွန်းသစ် အရေအတွက်မှာ အလွန်လျော့နည်း နေသည့်အတွက် အချိန်မီ ပြန်လည် ပြုစုထိန်းသိမ်းသည့် လုပ်ငန်းများကို ပထမ ဦးစားပေး အဆင့်အဖြစ် ပဲခူးရိုးမ ဒေသ၌ ဆောင်ရွက်သွားမည် ဖြစ်သည်။

မြန်မာနိုင်ငံ၏ သစ်တော ဖုံးလွှမ်းမှု ဧရိယာမှာ ၁၉၉ဝ ပြည့်နှစ်တွင် ၅၇ ရာခိုင်နှုန်းကျော် ရှိရာမှ ၂ဝ၁၅ ခုနှစ်တွင် ၄၅ ရာခိုင်နှုန်းသာ ကျန်ရှိတော့ကြောင်း သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၏ သတင်း ထုတ်ပြန်ချက် အရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.