Connect with us

Environment, Disasters & Accidents

သန်လျင်မြို့ပြ ဒေသ ဖွံ့ဖြိုးမှုလုပ်ငန်းစီမံကိန်းကို စတင်ဆောင်ရွက်လျက်ရှိ

ရန်ကုန်၊မတ်၂၀ရက်(ဆင်ဟွာ)

ရန်ကုန်တောင်ပိုင်းခရိုင် သန်လျင်တံတား အမှတ်(၁)နှင့်(၂)အကြားတွင် ဆိပ်ကမ်းနှင့် ဆက်စပ်လုပ်ငန်းများ၊ ဆိပ်ကမ်းကိုအခြေခံသော မြို့ပြထူထောင် ခြင်းလုပ်ငန်းများပါဝင်သည့် သန်လျင်မြို့ပြ ဒေသ ဖွံ့ဖြိုးမှုလုပ်ငန်းစီမံကိန်းကို စတင်ဆောင်ရွက်လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန် ချက်အရသိရသည်။

အဆိုပါစီမံကိန်းကို မြစ်ကြောင်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကမ်းထိန်း နံရံပြုလုပ်ခြင်း၊ ဆိပ်ကမ်းဆက်စပ်လုပ်ငန်းများ ကမ်းနားလမ်း တည်ဆောက် ခြင်း၊ ဆိပ်ခံများ၊ ဆိပ်ခံတံတားများနှင့် ကွန်တိန်နာ လွင်ပြင်ပြုလုပ်ခြင်း အတွက် အမေရိကန်ဒေါ်လာ ၈၆ သန်းနှင့် ဆိပ်ကမ်းကိုအခြေခံသော မြို့ပြ ထူထောင်ခြင်းအတွက် အမေရိကန်ဒေါ်လာ ၇၄ဝ ဒသမ ၄၈၇ သန်း စုစုပေါင်း အမေရိကန်ဒေါ်လာ ၈၂၆ .၄၈၇ သန်း အကုန်အကျခံတည်ဆောက်သွား မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါစီမံကိန်းနှင့်စပ်လျဉ်းသည့် သန်လျင်မြို့ဒေသ ဖွံ့ဖြိုးရေးဆိုင်ရာ များ ရှင်းလင်းပွဲကို ယနေ့နံနက်တွင် ကျင်းပခဲ့သည်။စီမံကိန်းရည်ရွယ်ချက်မှာ ကမ်းပါးရေတိုက်စားမှု ကာကွယ်ထိန်းသိမ်းရေး နှင့် ယခင်ရေတိုက်စားကမ်းပြို၍ ရေအောက်ရောက်သွားသော ကမ်းနားလမ်း အပိုင်းအား ပြန်လည်ဖော်ထုတ်ရေး၊ ပဲခူးမြစ်အတွင်းသို့ သင်္ဘောများ အချိန် မရွေး ဝင်ထွက်သွားလာနိုင်ရန် ပဲခူးမြစ်ကြောင်းရှင်းလင်းရေး၊ ကူးတို့ဆိပ် ကမ်း နှင့် ပြည်တွင်းကုန်တင်ကုန်ချဆိပ်ခံတံတားတည်ဆောက်ရေးနှင့် ဆိပ်ကမ်း ကို အခြေခံသော မြို့ပြထူထောင်ခြင်းဖြင့် ဒေသနေပြည် သူများအတွက် အလုပ် အကိုင်အခွင့်အလမ်းရရှိရေးတို့ဖြစ်ကြောင်း သိရသည်။

အဆိုပါ စီမံကိန်းကို ရတနာရှင်းသန့်ကုမ္ပဏီက ဆောင်ရွက်သွားမည်ဖြစ် ပြီး တည်ဆောက်ရေးကာလကို အပိုင်းသုံးပိုင်းခွဲခြား၍ လပေါင်း ၇ဝ ကြာမြင့် မည်ဖြစ်ကြောင်း သိရသည်။

စီမံကိန်းလျာထားဧကမှာ ၄၃၆ . ၈၆ ဧကဖြစ်ပြီး နိုင်ငံတကာအဆင့်မီ ဆိပ်ကမ်းနှင့် ဆက်စပ်လုပ်ငန်းများ၊ တန်ဖိုးနည်း၊ တန်ဖိုးသင့်အိမ်ရာများ၊ အဆင့်မြင့်တာဝါများ၊ ရှော့ပင်းမောလ်နှင့် ဟိုတယ်များ၊ ကျောင်း၊ ဆေးရုံများ နှင့် ဆိပ်ကမ်းနှင့်မြို့အကြား သဘာဝပတ်ဝန်းကျင်ကိုထိန်းညှိပေးမည့် ပန်းခြံ များ စသည်ဖြင့် အပိုင်းလိုက်ဆောင်ရွက်သွားမည်ဖြစ်သည်။

သန်လျင်တံတား အမှတ်(၁)နှင့်အမှတ်(၂)အကြားတွင် ဆောင်ရွက်မည့် ပဏာမလုပ်ငန်းအစီအစဉ်များကို ၂ဝ၁၃ ခုနှစ် စက်တင်ဘာ ၃ဝ ရက်တွင် ကျင်းပသည့် တိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၃၉/၂ဝ၁၃)ဖြင့် ခွင့်ပြုခဲ့ပြီး လုပ်ငန်းဆောင်ရွက်မှု သဘော အရ ဆောင်ရွက်မည့်အစီအစဉ် များကို သက်ဆိုင်ရာဌာနများ သို့ပေးပို့ခဲ့ကာ မြေပြင်ကွင်းဆင်းရေးလုပ်ငန်းများ စတင်ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.