Connect with us

Environment, Disasters & Accidents

အချိန်အခါ မဟုတ် မိုးရွာနိုင်မည်ဟု မိုး/ဇလမှ သတိပေးချက် ထုတ်ပြန်

မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ သတင်းထုတ်ပြန်ချက်အား တွေ့ရစဉ် (ဓာတ်ပုံ-မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန)

ရန်ကုန် ၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ)

မိုးလေဝသ တိုင်းထွာချက်များအရ အရှေ့ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများနှင့် ဘင်္ဂလား ပင်လယ်အော်မှ ရွေ့လျားလာသော တိမ်တိုက်များကြောင့် တိုင်းဒေသကြီး/ပြည်နယ် နေရာ အတော်များများ တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးရွာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ကြေညာခဲ့သည်။

ယနေ့မွန်းလွဲမှ နောက် ၂ ရက်အတွင်း စစ်ကိုင်း တိုင်းဒေသကြီး ၊ မန္တလေး တိုင်းဒေသကြီး ၊ ကချင်ပြည်နယ် ၊ ရှမ်းပြည်နယ် ၊ ချင်းပြည်နယ် နှင့် ရခိုင်ပြည်နယ် တို့တွင် တို့တွင် လည်းကောင်း ၊ ဇန်နဝါရီ ၂၄ ရက်မှ ၂၇ ရက်နေ့အတွင်း နေပြည်တော် ၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ၊ မန္တလေး တိုင်းဒေသကြီး ၊ ရန်ကုန် တိုင်းဒေသကြီး ၊ ပဲခူး တိုင်းဒေသကြီး ၊ ဧရာဝတီ တိုင်းဒေသကြီး ၊ ကချင်ပြည်နယ် ၊ ရှမ်းပြည်နယ် ၊ ချင်းပြည်နယ် ၊ ရခိုင်ပြည်နယ် ၊ ကယားပြည်နယ် ၊ ကရင်ပြည်နယ် နှင့် မွန်ပြည်နယ် တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးရွာနိုင်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.