Connect with us

Environment, Disasters & Accidents

မိန်းမလှကျွန်း တောရိုင်း တိရစ္ဆာန် ဘေးမဲ့တော၌ မိကျောင်း စာရင်း ကောက်ယူမည်

ဧရာဝတီတိုင်း ဒေသကြီး မိန်းမလှကျွန်းအား တွေ့ရစဉ် (ဓာတ်ပုံ-မြဝတီ)

ရန်ကုန်၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ)

ဧရာဝတီတိုင်း ဒေသကြီး မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၌ ဒီရေတော ပေါက်ရာ ဒေသတွင် သဘာဝအတိုင်း နေထိုင် ကျက်စားလျက် ရှိသည့် ရေချို၊ ရေငန်စပ် မိကျောင်းများ စာရင်း ကောက်ယူမည်ဖြစ် ကြောင်း မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ရေချို၊ ရေငန်စပ် မိကျောင်းများ မျိုးတုံး ပျောက်ကွယ်မှု မရှိစေရေး၊ သဘာဝအလျောက်ကျက်စားရာ ဒေသ အတွင်းရှိ အကောင်ရေ တိုးပွားမှုနှင့် ပျံ့နံှ့ ကျက်စားမှုကို သိရှိနိုင်ရေး၊ ဒီရေတော ဂေဟစနစ်ကို ထိန်းသိမ်း စောင့်ရှောက်နိုင်ရေးနှင့် ဒီရေတော ဒေသရှိ သားစား သတ္တဝါများ၏ အစာကွင်းဆက် ထိန်းညှိ ညီညွတ်မျှတ စေရေးတို့ကို သိရှိနိုင်ရန် ကောက်ယူမည်ဖြစ်သည်။

သဘာဝ အခြေခံ ခရီးသွား လုပ်ငန်းအား အထောက်အကူပြုစေရန် ရည်ရွယ်၍ မိကျောင်းစာရင်း ကောက် လုပ်ငန်းကို နှစ်စဉ် ဆောင်ရွက်လျက်ရှိသည်။မိကျောင်းစာရင်း ကောက်ယူခြင်းလုပ်ငန်းကို မိန်းမလှကျွန်း တောရိုင်း တိရစ္ဆာန်ဘေးမဲ့ တောမှဝန်ထမ်း ၁၁ဦးသည် အဖွဲ့နှစ်ဖွဲ့ ခွဲ၍ ၂ဝ၁၅ခုနှစ် အောက်တို ဘာ ၁၆ရက်မှ ၂၁ရက်ထိ ခြောက်ရက်ကြာ စာရင်း ကောက်ယူခဲ့ရာ နှစ်အလိုက် မိကျောင်း စာရင်း ကောက် ယူ ရရှိမှု အရ ၂ဝ၁၁ ခုနှစ် ဒီဇင်ဘာလတွင် ၄၅ ကောင်၊ ၂ဝ၁၃ ခုနှစ် နိုဝင်ဘာလတွင် အရွယ်စုံ ၉၈ကောင်၊ ၂ဝ၁၄ခုနှစ် မေလတွင် အရွယ်စုံ ၃၄ကောင်၊ ၂ဝ၁၅ခုနှစ် ဇန်နဝါရီလတွင် အရွယ်စုံ ၃၁ကောင် ၂ဝ၁၅ ခုနှစ် အောက်တို ဘာလတွင် အရွယ်စုံ ၈၂ ကောင် အသီးသီး စာရင်း ကောက်ယူရရှိ ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.