Connect with us

Environment, Disasters & Accidents

၂၀၁၉ ခုနှစ်တွင် တစ်နိုင်ငံလုံး၌ မီးလောင်မှု  ၂,၁၅၅ ကြိမ်ဖြစ်ပွားခဲ့၊ လူ ၇၉ ဦးသေဆုံး

၂၀၁၉ စက်တင်ဘာလ တွင် ဖြစ်ပွားခဲ့သည့် မီးလောင်ကျွမ်းမှု တစ်ခုအားတွေ့ရစဉ် (ဓာတ်ပုံ-ဆင်ဟွာ)

ရန်ကုန်၊ ဇန်နဝါရီ ၁၀ ရက် (ဆင်ဟွာ)

၂၀၁၉ ခုနှစ် ဇန်နဝါရီမှဒီဇင်ဘာလကုန်အထိ တစ်နိုင်ငံလုံးတွင် မီးလောင်မှု ၂,၁၅၅ ကြိမ် ဖြစ်ပွားခဲ့ပြီး အိမ်ခြေအဆောက်အအုံ ၂,၉၈၇ လုံး၊ စက်ရုံ အလုပ်ရုံ ၂၄ ရုံ နှင့်  ဂိုဒေါင် ၅၂ လုံး ဆုံးရှုံးခဲ့ကြောင်း မီးဘေးသင့်ပြည်သူ ၆,၃၅၉ ဦး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြောင်း၊ လူ ၂၂၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၇၉ ဦး သေဆုံးခဲ့ရကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

မီးလောင်မှုဖြစ်စဉ် များတွင် ပေါ့ဆမီးသည်၇၃၄ကြိမ်ဖြစ်အများဆုံးဖြစ်ပွားခဲ့ကြောင်း၊ ဒုတိယ အဖြစ်အများဆုံးမှာ လျှပ်စစ် နှင့်ပတ်သက်သော မီးလောင်ကျွမ်းမူဖြစ်ပြီး  ၅၉၉ထိဖြစ်ပွား ခဲ့ကြောင်း၊  တတိယအများဆုံးမှာ တောမီးဖို မီးကြောင့် ဖြစ်ပြီး ၃၈၈ ကြိမ်ထိ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ မီးလောင်မှုများကြောင့် ဆုံးရှုံးမှုတန်ဖိုးမှာ ကျပ်သန်း ၃,၀၇၉ ဒသမ ၄၅ ထိရှိခဲ့ရာ၂၀၁၈ ခုနှစ်တွင်  ဖြစ်ပွားခဲ့သော မီးလောင်မှုကြောင့် ၁,၇၃၉ ကြိမ် ဆုံးရှုံးမှုတန်ဖိုး ငွေကျပ်သန်း ၅,၃၂၇ ဒသမ ၈၆ ရှိ၊၎င်းနှိုင်း ယှဉ်ပါက  ၂၀၁၉ ခုနှစ်သည် မီးလောင်မှု ၄၁၆ ကြိမ် ပိုခဲ့ကြောင်း၊ သို့သော် ဆုံးရှုံးမှု တန်ဖိုး ကျပ် ၂,၂၄၈ ဒသမ ၄၁ သန်း လျော့နည်းမှု ရှိခဲ့ကြောင်း သိရသည်။ 

၂၀၁၉ စက်တင်ဘာလ တွင် ဖြစ်ပွားခဲ့သည့် မီးလောင်ကျွမ်းမှု တစ်ခုအားတွေ့ရစဉ် (ဓာတ်ပုံ-ဆင်ဟွာ)

၂၀၁၉ စက်တင်ဘာလ တွင် ဖြစ်ပွားခဲ့သည့် မီးလောင်ကျွမ်းမှု တစ်ခုအားတွေ့ရစဉ် (ဓာတ်ပုံ-ဆင်ဟွာ)

မီးသတ်တပ်ဖွဲ့အနေဖြင့် မီးဘေးအန္တရာယ်အပြင် အခြား ဘေးအန္တရာယ်တစ်ခုခု အရေးပေါ်ဖြစ်ပွားလာပါက ဖုန်းအင်တာနက်နှင့် ချိတ် ဆက်သည့်  191 Report ဖုန်းအပလီကေးရှင်တစ်ခု ဖွင့်ထားကြောင်း၊ လည်းကောင်း အပလီကေးရှင်းမှတစ်ဆင့်  အကူအညီ တောင်းခံနိုင်ကြောင်း၊ ဆက်သွယ်နိုင်ကြောင်း ဇန်နဝါရီ( ၁၀ )ရက် ထုတ်မြန်မာ့အလင်း သတင်းစာတွင် ပါရှိသည်။  (Xinhua)