Connect with us

Environment, Disasters & Accidents

နေပြည်တော်ရှိ ကျင်းဟောင်းအတွင်း ရွှေတူးဖော်ရာ၌ မြေပြိုကျမှုဖြစ်ပွားပြီး လူ ၃ ဦး သေဆုံး

မြေပြိုကျမှုဖြစ်ပွားခဲ့သည့် ကျင်းဟောင်းအတွင်း ပိတ်မိနေသူများအား ကယ်ဆယ်ရေးဆောင်ရွက်စဉ် (ဓာတ်ပုံ - မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့)

ရန်ကုန်၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ)

နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ဝဲကြီးကျေးရွာအနီး၊ ဆင်ဖြူတော်တောင်ရှိ ကျင်းဟောင်းအတွင်း ဝင်ရောက်၍ ရွှေတူးဖော်ရာ ယနေ့ (အောက်တိုဘာ ၆ ရက်) နေ့လယ် ၁၂နာရီ ၁၅ မိနစ်တွင် မြေပြိုကျမှုဖြစ်ပွားပြီး လူ ၃ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ အဆိုပါ မြေပြိကျမှုကြောင့် အခင်းဖြစ်ပွားရာ နေရာတွင် အမျိုးသား ၂ ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီ အမျိုးသား တစ်ဦးသည် ကုတင် ၂၀၀ ဆေးရုံတွင် ဆေးကုသမှုခံယူနေစဉ် ထပ်မံသေဆုံးခဲ့ကြောင်း မိုးစေတနာပရဟိတအသင်းထံမှ သိရသည်။

မြေပြိုကျမှုဖြစ်ပွားခဲ့သည့် ကျင်းဟောင်းအတွင်း ပိတ်မိနေသူများအား ကယ်ဆယ်ရေးဆောင်ရွက်စဉ် (ဓာတ်ပုံ – မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့)

မြေပြိုကျမှုဖြစ်ပွားခဲ့သည့် ကျင်းဟောင်းအတွင်း ပိတ်မိနေသူများအား ကယ်ဆယ်ရေးဆောင်ရွက်စဉ် (ဓာတ်ပုံ – မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့)

“ပိတ်ထားတဲ့ ကျင်းဟောင်းကို သွားတူးရင်း မြေပြိုကျမှုဖြစ်တာ ၊ မြေထဲပိနေတဲ့ လူတွေကို ကယ်ဆယ်ရေးလုပ်တော့ ၂ ဦးက အလောင်းပဲရတယ်၊ ၁ ဦးက ဒဏ်ရာရတယ်” ဟု မြေပြိုကျမှုအား ကယ်ဆယ်ရေးသွားရောက်ခဲ့သည့် မိုးစေတနာပရဟိတအသင်း (နေပြည်တော်) တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ ကျင်းဟောင်းအတွင်း မြေပြိုကျမှုကြောင့် လူပိတ်မိနေကြောင်း သတင်းရရှိသဖြင့် ပျဉ်းမနားမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်ရာ ကျင်းအတွင်းပိတ်မိနေသူ အမျိုးသား (၃)ဦးအနက် အမျိုးသား (၂)ဦး (သေဆုံး) နှင့် အမျိုးသား(၁)ဦး (ထိခိုက်ဒဏ်ရာရ) တို့အား မြို့နယ်ကြက်ခြေနီအသင်းယာဉ်နှင့် မိုးစေတနာပရဟိတအသင်းယာဉ်များဖြင့် ပျဉ်းမနားကုတင် (၂၀၀) ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။(Xinhua)