Connect with us

Environment, Disasters & Accidents

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် ဇန်နဝါရီလအတွင်း ယာဉ်မတော်တဆမှု ၁၃ မှုဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၈ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၁၃ ဦးရှိ

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂ ရက် ၁၆: ၄၀ နာရီ အချိန်ခန့်၊ မန္တလေးမှ နေပြည်တော်သို့ မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီး မိုင်တိုင်အမှတ်(၃၄၁/ ၂)ဖာလုံတွင် လမ်း၏ယာဘက်ရှိ ဘယ်ရီရာတုံးအား တိုက်မိပြီး တိမ်းမှောက်မှုဖြစ်ပွားခဲ့စဉ် (ဓာတ်ပုံ- မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁ ရက် (ဆင်ဟွာ)

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် ဇန်နဝါရီလအတွင်း ယာဉ်မတော်တဆမှု ၁၃ မှုဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၈ ဦးရှိခဲ့ကာ ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ ယနေ့ ဖေဖော်ဝါရီ ၁၁ ရက်တွင်ပြောသည်။

အဆိုပါ ယာဉ်မတော်တဆမှု စုစုပေါင်း ၁၃ မှု တွင် ဆုံးရှုံးမှုတန်ဖိုး ကျပ်ငွေ ၂၀.၄၅ သန်း ရှိကြောင်း သိရသည်။

“ယာဉ်မတော်တဆမှု‌ေတွလျော့နည်းကျဆင်းအောင် ထိန်းသိမ်းကြပ်မတ်တဲ့အပိုင်း၊ ကြိုတင်ကာကွယ်တဲ့ အပိုင်းနဲ့ အရေးယူဆောင်ရွက်တဲ့ အပိုင်းဆိုပြီး နှစ်ပိုင်းခွဲခြားဆောင်ရွက်ပါတယ်။ အိမ်စီးကားတွေဆိုရင် တစ်နာရီ ကီလိုမီတာ ၁၀၀ မောင်းရင် အန္တရာယ်ကင်းနိုင်တယ်။ ခရီးသည်တင် Express ယာဉ်တွေကကျတော့ တစ်နာရီမှာ ကီလိုမီတာ ၉၀ အတွင်းမှာမောင်းရင် အန္တရာယ်ကင်းပြီး လုံခြုံမှုရှိပါတယ်။ လိုက်ထရပ်တို့၊ ဟိုက်ဂျက်တို့ဆိုရင်တော့ တစ်နာရီမှာ ကီလိုမီတာ ၆၀ ထက်ပိုမမောင်းသင့်ဘူးဆိုတာ အမြန်လမ်းမကြီးစတင် ဖောက်လုပ်ကတည်းက ကီလိုဘယ်လောက်ပဲ မောင်းနှင်သင့်တယ်ဆိုတာကိုကျွမ်းကျင်တဲ့ပညာရှင်တွေနဲ့ တိုင်းတာတွက်ချက်ထားတာပါ’’ဟု အဆိုပါတာဝန်ရှိသူကရှင်းပြသည်။

ယာဉ်အန္တရာယ်ကင်းရှင်းစေရန် အရှိန်နှုန်းတိုင်းတာသည့် စက်များဖြင့်တိုင်းတာလျက်ရှိပြီး အမြန်လမ်းမကြီးတစ်လျှောက်တွင် တိုင်းတာလျက်ရှိကြောင်း သိရသည်။

“ယာဉ်မတော်မတဆမှုဖြစ်တိုင်း သေဆုံးမှုလျော့နည်းဖို့ ထိုင်ခုံခါးပတ်ပတ်ဖို့ ကို ပညာပေးလုပ်ငန်းတွေ လုပ်ခဲ့ပါတယ်။ ခါးပတ်မပတ်ရင် သက်ဆိုင်ရာတရားရုံးကိုတင်ပို့ပြီး အရေးယူတာတွေကို ဆောင်ရွက်ပါတယ်။ ကားတွေကြံ့ခိုင်မှု အခါအားလျော်စွာဖြန့်ဝေတာတို့ ပညာပေးလက်ကမ်းစာစောင်ဝေတာတို့ကို ဆောင်ရွက်ပါတယ်။’’ ဟု၎င်းကပြောသည်။

ဇန်နဝါရီလအတွင်း ဖြစ်ပွားသည့် ယာဉ်မတော်ဆမှု ၁၃ မှုတွင် အရှိန်ပြင်းစွာမောင်းနှင်မှု ၄ မှု၊ လမ်းကူးသူပေါ့ဆ မှုကြောင့် ၅မှု၊ မဆင်မခြင်မောင်းနှင်မှုကြောင့် ၃ မှု၊ ဘီးပေါက်ခြင်းကြောင့် ၁ မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယမန်နှစ်က ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ယာဉ်မတော်တဆမှု ၁၆၉ မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၅၇ ဦး ရှိခဲ့ကာ ထိခိုက်ဒဏ်ရာရသူ ၂၈၀ ဦး ရှိခဲ့ကြောင်း တရားဝင်စာရင်းများအရ သိရသည်။

“ယာဉ်မတော်တဆမှုအများဆုံးဖြစ်ရတဲ့ အကြောင်းတွေကတော့ အရှိန်ပြင်းစွာမောင်းနှင်မှုနဲ့ မဆင်မခြင်မောင်းနှင်မှုတွေကြောင့် ဖြစ်ရတာပါ။ အန္တရာယ်ကင်းဖို့ သတ်မှတ်မိုင်နှုန်းအတွင်းမှာမောင်းနှင်ဖို့၊ ခါးပတ်ပတ်ဖို့၊ ယာဉ်ကြံ့ခိုင်မှုတွေ စစ်ဆေးပြီး ခရီးသွားပြည်သူတေွ ပူးပေါင်းပါဝင်ဖို့ တိုက်တွန်းပြောကြားလိုပါတယ်’’ ဟု ၎င်းတာဝန်ရှိသူကဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)

 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.