Environment, Disasters & Accidents
မူဆယ်မြို့နယ်တွင် သဲတင်ယာဉ်တိမ်းမှောက်ပြီး အိမ်စီးကားပေါ်ပိမိ ၊ လူ ၆ ဦးသေဆုံး

ရန်ကုန်၊ ဧပြီ ၁၆ ရက် (ဆင်ဟွာ)
ရှမ်းပြည်နယ် မူဆယ်မြို့နယ်၊မူဆယ်မှကျင်စန်းကော့ဂိတ်သွားကားလမ်းပေါ်တွင် ယနေ့ (ဧပြီ ၁၆ ရက် )နံနက် ၁၁ နာရီခွဲခန့်က သဲတင်ယာဉ်တိမ်းမှောက်ပြီး အိမ်စီးကားပေါ်ပိမိ၍ အိမ်စီးကားပေါ်ပါ လူ ၆ ဦးသေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။

သဲတင်ယာဉ်တိမ်းမှောက်ပြီး အိမ်စီးကားပေါ်ပိမိမှုအား ကယ်ဆယ်ရေး ဆောင်ရွက်နေစဉ်(ဓာတ်ပုံ- မီးသတ်ဦးစီးဌာန)

သဲတင်ယာဉ်တိမ်းမှောက်ပြီး အိမ်စီးကားပေါ်ပိမိမှုအား ကယ်ဆယ်ရေး ဆောင်ရွက်နေစဉ်(ဓာတ်ပုံ- မီးသတ်ဦးစီးဌာန)
မူဆယ်မှ ကျင်စန်းကျော့ဂိတ်သို့ သွားရာလမ်းတွင် သဲများတင်ဆောင်လာသော ၂၂ ဘီး(တွဲကား)ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှုဖြစ်ပွားပြီး တစ်ဘက်ယာဉ်ကြောမှ မောင်းနှင်လာသော Nissan ယာဉ်ပေါ်သို့ ပိမိမှုဖြစ်ပွားကြောင်း သိရသည်။
“သေဆုံးသူအားလုံးက Nissan ကားပေါ်ကပါ။ ကျွန်တော်တို့ရောက်သွားတော့ အလောင်းတွေက တော်တော်လေး အခြေအနေဆိုးပါတယ်။ ခေါင်းတွေပြတ်၊ လက်တွေပြတ်နဲ့။ ကျွန်တော်တို့ တော်တော် ခက်ခက်ခဲခဲ ဆွဲထုတ်သယ်ခဲ့ရပါတယ်” ဟု မြင်မြတ်ပါရမီ အရေးပေါ်လူမှုကယ်ဆယ်ရေးအသင်းမှ ကယ်ဆယ်ရေးတွင် ပါဝင်ခဲ့သူတစ်ဦးက ဆင်ဟွာသို့ ပြောသည်။
ယင်း ယာဉ်တိမ်းမှောက်ပြီး အိမ်စီးကားပေါ်ပိမှုကြောင့် အိမ်စီးကားပေါ်တွင် လိုက်ပါလာသည့် အမျိုးသား ၂ ဦးနှင့်အမျိုးသမီး ၄ ဦးတို့အား သေဆုံးလျက်သယ်ထုတ်ခဲ့ရကြောင်း သိရသည်။
အဆိုပါ သေဆုံးသူ ၆ ဦး၏ရုပ်အလောင်းများအား မြင့်မြတ်ပါရမီပရဟိတအသင်း၊ပါရမီပရဟိတအသင်း၊မောက်ကွမ်တိုင်းပရဟိတအသင်းနှင့်လက်ဘက်ညွန်ပရဟိတအသင်းတို့မှ မူဆယ်ဆေးရုံရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။ (Xinhua)