Myanmar
၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂ ရက် အတွက် မြန်မာနိုင်ငံ ပြည်တွင်းသတင်းကောက်နုတ်ချက်
-နိုင်ငံတကာစိုက်ပျိုးရေးကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံမှ ပါဝင်ပြသရန်ဖိတ်ခေါ်ထား (၂/၁၁/၂၀၂၄ MRTV)
-၂၀၂၄ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကို လာမည့် ဒီဇင်ဘာလတွင် နိုင်ငံတော်အဆင့်နှင့်အညီ ခမ်းနားထည်ဝါစွာ ကျင်းပသွားမည်ဖြစ်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် စခန်းသွင်းလေ့ကျင့်ပြင်ဆင်လျက်ရှိ (၂/၁၁/၂၀၂၄ MRTV)
-ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC)မှ ယှဉ်ပြိုင်ကျော်တက်၊ ဘေးတံခါးဖွင့်မောင်းနှင်ခြင်းနှင့် (၃)ကြိမ်အထက် စည်းကမ်းဖောက်ဖျက်သည့် YBS ယာဉ်မောင်းများအား အသိပညာပေးဆွေးနွေးခြင်းများပြုလုပ်လျက်ရှိ (၂/၁၁/၂၀၂၄ MRTV)
-ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင် ရွာငံမြို့နယ်အတွင်းရှိ ရေထွက်ကျောက်ခေါင်း (လင်းဝေး)ကို ဘူမိရုပ်သွင် ထူးခြားသည့်နယ်မြေအဖြစ်သတ်မှတ် (၂/၁၁/၂၀၂၄ MRTV)
-လွိုင်ကော်မြို့ (၄)မိုင် 132 KV လွိုင်ကော် ပင်မဓာတ်အားပေးခွဲရုံ ပြန်လည်ပြုပြင်ပြီးပါက နိုင်ငံတော်ဓာတ်အားစနစ် ကွန်ရက်သို့ ချိတ်ဆက်၍ လျှပ်စစ်ဓာတ်အားများ ပိုမိုဖြန့်ဖြူးပေးနိုင်မည် (၂/၁၁/၂၀၂၄ MRTV)
-ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယုမြို့၊ ဒေါင်နေကျေးရွာ၌ ရှမ်းရိုးရာဓလေ့ကထိန်ဆင်ဆွဲပွဲတော်ကို နိုဝင်ဘာ (၅)ရက်နေ့မှ (၇)ရက်နေ့ထိ သုံးရက်တိုင်တိုင် ကျင်းပမည် (၂/၁၁/၂၀၂၄ MRTV)
-ငွေဆောင်၊ ချောင်းသာနှင့် ရွှေသောင်ယံကမ်းခြေဒေသ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ခရီးသွားများ ပိုမိုလာရောက် လည်ပတ်နိုင်ရေး ပွင့်လင်းခရီးသွားရာသီအတွက် လတ်တလော ဆောင်ရွက်ရမည့် လုပ်ငန်းများကို လုပ်ငန်းအစီအမံ(၈)ခုဖြင့်ဆောင်ရွက်နေ (၁/၁၁/၂၀၂၄ MRTV)
-ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ယှဉ်ပြိုင်ကြမည့် အားကစားသမားများအနေဖြင့် တားမြစ်ဆေး မသုံးစွဲကြရန် မြန်မာ့လက်ရွေးစင် ပြေးခုန်ပစ် ကစားသမားဟောင်းများက တိုက်တွန်းပြောကြား (၁/၁၁/၂၀၂၄ MRTV)
-ထိုင်းနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော ရှမ်းပြည်နယ်ကဲ့သို့ ဒေသများတွင် နယ်နိမိတ်ဖြတ်ကျော် မီးခိုးမြူငွေ့ ညစ်ညမ်းမှုထိန်းချုပ်ရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် တက်ကြွစွာပူးပေါင်းဆောင်ရွက်လျက်ရှိ (၁/၁၁/၂၀၂၄ MRTV)
-အာလူးမျိုးများကို မျိုးပွားစမ်းသပ်ထုတ်လုပ်ပြီး ဒေသခံတောင်သူများသို့ ၂၀၂၅ ခုနှစ် မေလတွင် စတင်ဖြန့်ဝေစိုက်ပျိုးစေမည် (၂/၁၁/၂၀၂၄ MOI)
– ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးထုတ်လုပ်ရေးနှင့် ပြည်တွင်းဆီကြိတ်စက်များ၏ ကုန်ကြမ်းလိုအပ်ချက်အပေါ် ပံ့ပိုးပေးနိုင်ရေးကြိုးပမ်း (၂/၁၁/၂၀၂၄ MOI)
– မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၃၂ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၈ ဒသမ ၈ သိန်း ဖမ်းဆီးရမိ (၁/၁၁/၂၀၂၄ MOI)
-အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့၌ အလုပ်လုပ်ကိုင်စဉ် အခက်အခဲကြုံတွေ့ရသည့် မြန်မာနိုင်ငံသူတစ်ဦးအား အမိနိုင်ငံသို့ ပြန်လည်ခေါ်ဆောင် (၁/၁၁/၂၀၂၄ MOI)
-နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည်ဖော်ရေးဗဟိုကော်မတီက စိစစ်အတည်ပြုပြီးသူများအား လူတွေ့မေးမြန်းအကဲဖြတ်ပြီး တည်ဆဲဥပဒေများနှင့်အညီနေထိုင်ရေး ဆွေးနွေး (၁/၁၁/၂၀၂၄ MOI)