Connect with us

Politics, Law & Military

ကြားဖြတ် ရွေးကောက်ပွဲတွင် ကြေညာရန် ကျန်ရှိသည့် မဲဆန္ဒနယ် ၈ နေရာ အတွက် အနိုင်ရလဒ်များ အပြီးသတ် ထုတ်ပြန်

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက အပြီးသတ် မဲရလဒ်များ ထုတ်ပြန် ကြေညာနေစဉ်(ဆင်ဟွာ)

နေပြည်တော် ၊ ဧပြီ ၂ ရက်(ဆင်ဟွာ)

ကြားဖြတ်ရွေးကောက်ပွဲတွင် ကြေညာရန် ကျန်ရှိနေသည့် ရခိုင်ပြည်နယ် ၊ ရှမ်းပြည်နယ် နှင့် ချင်းပြည်နယ်တို့ရှိ မဲဆန္ဒနယ် ၈ နေရာ အတွက် အနိုင်ရရှိသူ ကိုယ်စားလှယ်များ၏ အမည်စာရင်းအား ယနေ့ဧပြီ ၂ ရက် ညနေပိုင်းတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ အပြီးသတ် ကြေညာခဲ့သည်။

ရခိုင်ပြည်နယ် အမ်းမြို့ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ရခိုင် အမျိုးသား ပါတီမှ ဒေါက်တာ အေးမောင်က ၂၁၇၉၄ မဲဖြင့် လည်းကောင်း ၊ ရှမ်းပြည်နယ် ကျေးသီး မဲဆန္ဒနယ်တွင် ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်မှ စိုင်းအောင်ကျော်က ၁၈၈၈၂ မဲဖြင့် လည်းကောင်း ၊ မိုင်းရှူးမဲဆန္ဒနယ်တွင် ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်မှ စိုင်းဝင်းအေး(ခ) စိုင်းထွန်းအေးက ၁၀၂၁၆ မဲဖြင့် လည်းကောင်း အသီးသီး အနိုင်ရရှိခဲ့သည်။

အမျိုးသား လွှွတ်တော် မဲဆန္ဒနယ်မြေ အတွက် ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၃)တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးဘွဲခိန်း(Pu Bawi Khing)က ၉၂၄၂ မဲဖြင့် အနိုင်ရရှိခဲ့သည်။တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော် မဲဆန္ဒနယ်မြေအတွက် ရှမ်းပြည်နယ် ၊ ကျေးသီး မဲဆန္ဒနယ်(၁)တွင် ရှမ်းတိုင်းရင်း သားများ ဒီမိုကရေစီ အဖွဲ့ချုပ်မှ စိုင်းစံမိုင်းက ၁၁၅၄၂ မဲဖြင့် လည်းကောင်း ၊ ကျေးသီး မဲဆန္ဒနယ်(၂)တွင် ရှမ်းတိုင်းရင်း သားများ ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးခင်မောင်ညွန့်က ၇၈၃၂ မဲဖြင့် လည်းကောင်း ၊ မိုင်းရှူး မဲဆန္ဒနယ်(၁)တွင် ရှမ်းတိုင်းရင်း သားများ ဒီမိုကရေစီ အဖွဲ့ချုပ်မှ စိုင်းလင်းမြတ်က ၄၇၆၄ မဲဖြင့် လည်းကောင်း ၊ မိုင်းရှူးမဲဆန္ဒနယ်(၂ )တွင် ရှမ်းတိုင်းရင်း သားများ ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဒေါ်နန်းကောင်ခမ်းက ၅၇၅၃ မဲဖြင့် လည်းကောင်း အသီးသီး အနိုင်ရရှိခဲ့သည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ယနေ့ဧပြီ ၂ရက် နောက်ဆုံးကြေညာပြီးချိန်တွင် လစ်လပ် မဲဆန္ဒနယ် ၁၉ နေရာတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီမှ ၉ နေရာ ၊ ရှမ်းတိုင်းရင်း သားများ ဒီမိုကရေစီ အဖွဲ့ချုပ်မှ ၆ နေရာ ၊ ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီမှ ၂ နေရာ ၊ ရခိုင် အမျိုးသား ပါတီမှ ၁ နေရာ နှင့် လူမျိုးပေါင်းစုံ ဒီမိုကရေစီ ပါတီ(ကယားပြည်နယ်)မှ ၁ နေရာ အသီးသီး အနိုင်ရရှိခဲ့သည်။ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကယနေ့ဧပြီ ၂ ရက်တွင် မဲစာရင်း ရလဒ်များအား အပြီးသတ် ကြေညာပြီးနောက် ၂၀၁၇ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲအား အောင်မြင်စွာ ကျင်းပ ပြီးစီးခဲ့ပြီ ဖြစ်ကြောင်း ကြေညာခဲ့သည်။(Xinhua)