Connect with us

Politics, Law & Military

ရန်ကုန်တိုင်း ဒေသကြီး ၊ ပဲခူးတိုင်းဒေသကြီး ၊ ရှမ်းပြည်နယ်တို့ရှိ မဲဆန္ဒနယ် ၄ နေရာတွင် အနိုင်ရရှိသူ အမည်စာရင်းများအား ထပ်မံ ကြေညာ

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းအား တွေ့ ရစဉ်(ဆင်ဟွာ)

နေပြည်တော် ၊ ဧပြီ ၂ ရက်(ဆင်ဟွာ)

ရန်ကုန်တိုင်း ဒေသကြီး ၊ ပဲခူးတိုင်းဒေသကြီး ၊ ရှမ်းပြည်နယ်တို့ရှိ မဲဆန္ဒနယ်မြေများမှ မဲဆန္ဒနယ် ၄ နေရာတွင် အနိုင်ရရှိခဲ့သူ ကိုယ်စားလှယ်များ၏ အမည်စာရင်းအား ယနေ့ဧပြီ ၂ ရက် နေ့လည်ပိုင်းတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ထပ်မံ ကြေညာခဲ့သည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ရန်ကုန်တိုင်းဒေသကြီး၌ ၂ နေရာ ၊ ပဲခူးတိုင်းဒေသကြီး၌ ၁ နေရာ နှင့် ရှမ်းပြည်နယ်၌ ၁ နေရာ တို့အတွက် ထပ်မံ ကြေညာခဲ့ခြင်း ဖြစ်သည်။ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မြေအတွက် ရန်ကုန် တိုင်းဒေသကြီး ဒဂုံမြို့သစ်(အရှေ့ပိုင်း)မဲဆန္ဒနယ်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီမှ ဦးနေကျော်က ၂၇၃၅၇ မဲဖြင့် အနိုင်ရရှိခဲ့သည်။အမျိုးသား လွှတ်တော် မဲဆန္ဒနယ်မြေ အတွက် ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၄)တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဒေါ်စန်းစန်းမြင့်က ၇၁၀၄၂ မဲဖြင့် လည်းကောင်း ၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၆)တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီမှ ဒေါက်တာ မောင်အောင်က ၇၅၂၉၉ မဲဖြင့် လည်းကောင်း အသီးသီး အနိုင်ရရှိခဲ့သည်။

တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော် မဲဆန္ဒနယ်မြေ အတွက် ရှမ်းပြည်နယ် ကျိုင်းတုံ မဲဆန္ဒနယ် အမှတ် (၂)တွင် ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီမှ ဦးရှာမွေလရှဲန်က ၇၀၂၆ မဲဖြင့် အနိုင်ရရှိခဲ့သည်။ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ နေ့လည်ပိုင်း ကြေညာပြီးသည့် အထိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီမှ ၈ နေရာ အနိုင်ရရှိထားပြီး ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီမှ ၂ နေရာ အနိုင်ရရှိထားကာ လူမျိုးပေါင်းစုံ ဒီမိုကရေစီ ပါတီ(ကယားပြည်နယ်)မှ ၁ နေရာ အနိုင်ရရှိထားသည်။ကြားဖြတ် ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ၁၉ နေရာ ရှိသည့် အနက် ယခုအခါတွင် ၁၁ နေရာ ကြေညာခဲ့ပြီး ဖြစ်သည်။(Xinhua)