Connect with us

Politics, Law & Military

စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရန် အခြေခံကျသော အခက်အခဲများကို ဖြေရှင်းဆောင်ရွက်ရန်လိုဟုဆို

မြန်မာနိုင်ငံစက်မှုကုန် ထုတ်လုပ်သူများအသင်း၏ (၂၂) ကြိမ်မြောက် အသင်းသားစုံညီ နှစ်ပတ်လည် ကျင်းပစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန်၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ)

ပြည်တွင်း စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရန် အခြေခံကျသော အခက်အခဲများကို ရှာဖွေစိစစ်၍ ဖြေရှင်းဆောင်ရွက်ရန်လိုကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောကြားသည်။

စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန် အခြေခံ အဆောက်အအုံများ မြှင့်တင်ရန် လိုအပ်ပြီး နိုင်ငံတော်အစိုးရ၊ လုပ်ငန်းရှင်များနှင့် ပြည်သူလူထု တို့မှလည်း တာဝန်ကိုယ်စီဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း ၎င်းကဆိုသည်။

လျှပ်စစ်ကဏ္ဍတွင် တည်ဆောက်ပြီး ဓာတ်အားပေး စက်ရုံများမှ ထုတ်လုပ်ပေးလျက်ရှိသည့် (၅၀၀၀) မဂ္ဂါဝပ်ကို စနစ် တကျစီမံ ခန့်ခွဲပြီး ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရန်နှင့် Frequency နှင့် Voltage တည်ငြိမ်သော လျှပ်စစ်ဓာတ်အားကို ထုတ်လုပ် ပို့လွှတ်ဖြန့်ဖြူးနိုင်ရန် ထိန်းသိမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။

ဓာတ်အားပို့လွှတ်ဖြန့်ဖြူပေးနေသည့် မဟာဓာတ်အား လိုင်းကြီးများကို အဆင့်မြှင့်တင်ခြင်းနှင့် ခေတ်မီမဟာဓာတ်အား လိုင်းကွန်ယက် အသစ်များ တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ နှစ်စဉ် လိုအပ်သည့် လျှပ်စစ်ဓာတ်အားပမာဏမှာ (၁၀၀၀) မဂ္ဂါဝပ်မှ (၁၅၀၀) မဂ္ဂါဝပ် အတွင်း လိုအပ် လျက်ရှိသောကြောင့် အဆိုပါလိုအပ်ချက်များအား အပြည့်အဝဖြည့် ဆည်းနိုင်ရေးအတွက် စီမံကိန်းများအား စဉ်ဆက်မပြတ် အကောင်အထည်ဖော်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

မြန်မာနိုင်ငံစက်မှုကုန် ထုတ်လုပ်သူများအသင်း၏ (၂၂) ကြိမ်မြောက် အသင်းသားစုံညီ နှစ်ပတ် လည် အစည်းအဝေးကို ဇန်နဝါရီ ၂၈ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၊ ရန်ကုန်မြို့၌ ကျင်းပခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117