Connect with us

Politics, Law & Military

တိုက်ပွဲရှောင်ပြည်သူများအား အလုံအလောက်ထောက်ပံ့ပေးနိုင်ဟု ဆို

လူမှုဝန်ထမ်း။ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးစိုးအောင် ဖြေကြားနေစဉ်။

နေပြည်တော်၊ သြဂုတ် ၈ ရက်(ဆင်ဟွာ)

ရခိုင်ပြည်နယ်ရှိ တိုက်ပွဲရှောင် ဒုက္ခသည်များ၏ စားဝတ်နေရေး အားလုံးအတွက် နိုင်ငံတော်က လုံလောက်စွာ ထောက်ပံ့ပေးနိုင်သည်ဟု လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးစိုးအောင်က ယနေ့ ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ထို့အပြင် ဒုတိယ ဝန်ကြီးက “နိုင်ငံတော်အနေနဲ့ဆောင်ရွက်ရာမှာ ကျွန်တော်တို့ ဝန်ကြီးဌာန တစ်ခုတည်း မဟုတ်ပါဘူး၊ သက်ဆိုင်ရာ ကဏ္ဍအလိုက် ဝန်ကြီးဌာန အသီးသီးက ပူးပေါင်း ပါဝင် ဆောင်ရွက်ပေးလျက် ရှိပါ တယ်၊ လူမှု အဖွဲ့အစည်းတွေရဲ့ လာရောက် ထောက်ပံ့ပေးနိုင်မှု အပိုင်းကို နိုင်ငံတော်အနေနဲ့ ပြည်နယ် အစိုးရအနေနဲ့ ကန့်သတ်ထားခြင်း၊ ကန့်ကွက်ထားခြင်း မရှိပါဘူး၊ လက်ခံ ဆောင်ရွက်ပေးနေပါတယ်၊ လုံခြုံရေး အခြေအနေအရ သွားရောက်နိုင်ခြင်းမရှိတဲ့ အပိုင်းကို ကန့်သတ်မှုပဲ၇ှိပါတယ်၊ အဲဒီအပိုင်း ကိုလည်း အဓိကထားပြီး ဆောင်ရွက်ပေးနေပါတယ်”ဟုလည်း ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ် မြေပုံ မဲဆန္ဒနယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်း မေးမြန်းနေစဉ်။

များပြားလာသည့် တိုက်ပွဲရှောင် ပြည်သူများအတွက် ကုလသမဂ္ဂ အဖွဲ့အစည်းများက သူတို့၏ အရေးပေါ် ရန်ပုံငွေ(Central Emergency relief Fund) ရရှိထားသည့် အပေါ် မူတည်ကဏ္ဍအသီးသီးတွင် မြန်မာနိုင်ငံ အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်လိုသည်ဟု ဇူလိုင်လ နောက်ဆုံးအပတ်၌ လာရောက် ဆွေးနွေးထားခဲ့ကြောင်း၊ အဆိုပါ အဖွဲ့ အစည်းများနှင့် ပူးပေါင်းပြီး ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ပြည်သူလူထု၊ လူမှု အဖွဲ့အစည်းများ ၊ စေတနာရှင်များ၏ ပူးပေါင်း ပါဝင်ကူညီမှုများကို လက်တွဲပြီး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဒုတိယ ဝန်ကြီးက ဖြည့်စွက်ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ် မြေပုံ မဲဆန္ဒနယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်း၏ ရခိုင်ပြည်နယ် အတွင်းမှ စစ်ဘေးရှောင် ဒုက္ခသည်များအား နိုင်ငံတော် အစိုးရက မည်သို့ ကူညီဆောင်ရွက်ထား ကြောင်း၊ ရေရှည် အလုံအလောက်ထောက်ပံ့ကူညီနိုင်မှု အခြေအနေများ သိ၇ှိလိုကြောင်း စသည့် မေးခွန်းကို ြပ်လည် ဖြေကြားရာတွင် ဒုတိယ ဝန်ကြီးက ပြောခဲ့ခြင်းဖြစ်သည်။ (Xinhua)