Connect with us

Politics, Law & Military

“ပြည်သူ နှင့်အတူ”ဆောင်ပုဒ်ဖြင့် ဆက်လက် လျှောက်လှမ်းသွားမည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား

အစိုးရတာဝန်ယူမှု တစ်နှစ်ပြည့်အထိမ်းအမှတ် အဖြစ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း ပြောကြားနေစဉ်(ဓာတ်ပုံ-Myanmar State Counsellor Office)

ရန်ကုန် ၊ မတ် ၃၀ ရက်(ဆင်ဟွာ)

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် နိုင်ငံတာဝန် စတင် ယူချိန်တွင် ပြောင်းလဲချိန် တန်ပြီ ဟူသော ဆောင်ပုဒ်ဖြင့် ယူခဲ့သော်လည်း တစ်နှစ်တာ ကြာပြီးနောက”် ပြည်သူနှင့် အတူ”ဆောင်ပုဒ်ဖြင့် ဆက်လက် လျှောက်လှမ်း သွားမည် ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ မတ် ၃၀ ရက်တွင် ပြောကြားခဲ့သည်။

နိုင်ငံတော်အစိုးရတာဝန်ယူမှု တစ်နှစ်ပြည့်အထိမ်းအမှတ် အဖြစ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မိန်ခွန်း ပြောကြားရာတွင် ထိုကဲ့သို့ ထည့်သွင်း ပြောကြားခဲ့သည်။”ကျွန်မတို့နိုင်ငံရဲ့ကိစ္စတွေအတွက်ကို ပြည်သူနဲ့ အတူတူ တာဝန်ယူမယ်။ ပြည်သူနဲ့ အတူတူ ကျွန်မတို့ ဒီတာဝန်တွေကို ထမ်းဆောင်မယ်။ ကျွန်မတို့အနေနဲ့ ဒီတာဝန်တွေကို ကျေပွန်ဖို့အတွက် ပြည်သူရဲ့အားကို ကျွန်မတို့ယူသလို ကျွန်မတို့ရဲ့စွမ်းအားတွေအားလုံးကိုလည်း ပြည်သူတွေ အတွက် ကျွန်မတို့သုံး ပါမယ်ဆိုတဲ့စိတ်ဓာတ်နဲ့ ပြည်သူနဲ့အတူ ကျွန်မတို့ နောက်နှစ်ကို ချီတက်သွားချင်ပါတယ်။”ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

ထိုသို့ လုပ်ဆောင်ရာတွင် ပြည်သူပြည်သားအားလုံး၊ ပြည်ထောင်စုနိုင်ငံသူ နိုင်ငံသားများ အားလုံး ဝိုင်းဝန်း ပံ့ပိုးကူညီကြ လိမ့်မည်ဟု မျှော်လင့်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်း ပြောကြားခဲ့သည်။ထို့ အတူ ယခုနှစ်အတွင်း ပြည်သူများသည် အစိုးရကို ကြောက်ရန် မလိုဘူး ဆိုသည်ကို အများက သိလာသည်ဟု ထင်မြင်ပြီး ယင်းမှာ တိုးတက်မှု တစ်ခုဟု ယူဆကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားခဲ့သည်။”ကျွန်မတို့ ရည်ရွယ်တာကတော့ ပြည်သူက အစိုးရကို လေးစားဖို့၊ တန်ဖိုးထားဖု့ိ၊ ယုံကြည်ဖို့ပါပဲ။ ဒီအဆင့်ရောက်တဲ့ အထိတော့ ကျွန်မတို့ဆက်ပြီး ကြိုးစားသွားရမှာပါ။”ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားခဲ့သည်။

ထို့ပြင် အစိုးရ၏ တာဝန်ယူမှု တစ်နှစ်တာ အတွင်း ကျွန်မတို့ စိန်ခေါ်မှု များစွာဖြင့် ကြုံတွေ့ခဲ့ရကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။ရခိုင်ပြည်နယ်အရေးကိစ္စနှင့် ပတ်သက်၍ ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှ မြန်မာနိုင်ငံ နှင့် ပတ်သက်၍ ချမှတ်ခဲ့သော ဆုံးဖြတ်ချက်သည် မိမိတို့နိုင်ငံနှင့် မကိုက်ညီဟု ယူဆ၍ လက်မခံခြင်း ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားခဲ့သည်။

“ကျွန်မတို့ အခု တစ်နှစ်အတွင်း လုပ်ခဲ့တဲ့ ကိစ္စရပ်အားလုံးဟာ နိုင်ငံရဲ့ အနာဂတ်ကို ကျွန်မတို့ ရှေ့ရှုပြီးတော့ လုပ်ခဲ့ပါတယ်။”ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားခဲ့သည်။ယခုမှ စတင်၍ အလုပ်အကိုင်ဖန်တီးရေး ၊ လမ်းပန်း ဆက်သွယ်ရေးနှင့် တန်းတူ လျှပ်စစ်မီးရရှိရေးကို အဓိကထား ပြီး လုပ်သွားမည် ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

“ဒီပွင့်လင်းမြင်သာမှုနဲ့ တာဝန်ယူမှုကို ကျွန်မတို့ လက်ကိုင်ပြီးတော့ ဒီတစ်နှစ်အတွင်းမှာ တတ်နိုင် သလောက် ပြည်သူ့အကျိုးနဲ့ နိုင်ငံအကျိုးအတွက် ထမ်းဆောင်ခဲ့ပါတယ်။ ပြည်သူတွေအားလုံး တိုးတက်သင့်သလောက် တိုးတက်ချင်သလောက် မတိုးတက်သေးဘူးဆိုတာလည်း ကျွန်မတို့ သိပါတယ်။”ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ထည့်သွင်း ပြောကြားခဲ့သည်။

ပြည်သူတိုင်း တတ်နိုင်သည့် ဘက်မှ တတ်နိုင်သလောက် အစိုးရ ကဆောင်ရွက်နေသည့် လုပ်ငန်းအပိုင်းများ အောင်မြင်အောင် ဝန်းရံပေးမည် ဆိုပါက မိမိတို့ နိုင်ငံသည် တိုးတက်ရန် လုံးဝသေချာသည်ဟု ပြောနိုင်ကြောင်းလည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.