Connect with us

Politics, Law & Military

ရန်ကုန်-မန္တလေး အမြန်လမ်းအပြင် မြစ်ကြီးနားအထိ အမြန်လမ်းမ ဖောက်လုပ်ရန် အစီအစဉ် ရှိဟုဆို

ရန်ကုန်-မန္တလေးအမြန်လမ်းမ ပြုပြင် ထိမ်းသိမ်းနေစဉ် (ဓာတ်ပုံ- ဆောက်လုပ်ရေးဝန်ကြီးဌာန Face book)

ရန်ကုန်၊မေ ၃၀ ရက် (ဆင်ဟွာ)

ရန်ကုန်-မန္တလေး အမြန်လမ်းမအပြင် မြစ်ကြီးနားအထိ အမြန်ကားလမ်းမ ဖောက်လုပ်ရန် စီစဉ်ထားကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန၏ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

“မြစ်ကြီးနားအထိ အမြန်ကားလမ်းမ ဖောက်လုပ်ရန် ရေးဆွဲထားသော အစီအစဉ်က Master Plan မှာ ပါပြီးသားပါ။ အခုလက်ရှိမှာတော့ ကျွန်တော်တို့ စီစဉ်ဆဲ အဆင့်မှာ ရှိပါသေးတယ်” ဆောက်လုပ်ရေး ဝန်ကြီးဌာန၏ တာဝန်ရှိသူက ဆင်ဟွာကို ပြောသည်။ယခုအချိန်တွင် ရန်ကုန်-နေပြည်တော်ကို ရှစ်လမ်းသွား လမ်းမအဖြစ် ဖောက်လုပ်ရန် BOT စနစ်ဖြင့် လုပ်ကိုင်ခွင့်ပြုထားပြီး၊ လုပ်ကိုင်လိုသည့် ကုမ္ပဏီများမှ တင်ပြလျှောက်ထားနေကြောင်း သိရပါသည်။

အဆိုပါ တင်ဒါအတွက် ကုမ္ပဏီ ၂၆ ဖွဲ့မှ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံအတွင်း ဖြတ်သန်း ဖောက်လုပ်ထားသည့် လမ်းမများ၌ အာရှပတ်လမ်း နှင့် အာဆီယံပတ်လမ်းများ ပါဝင်ပြီး၊ အဆိုပါ လမ်းများအား ၂၀၂၀ ပြည့်နှစ်မတိုင်မီ အာဆီယံ Plus 3 အဆင့်မီရန် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

မြန်မာနိုင်ငံအတွင်း အမြန်လမ်းမများ တိုးမြှင့် ဖောက်လုပ်နေမှုသည် အာဆီယံ စီးပွားရေး အသိုက်အဝန်း တစ်ခုဖြစ်လာပါက ကုန်သွယ်ရေးကဏ္ဍ ပိုမိုတိုးတက်စေရန်နှင့် ခရီးသွားလာရေး အဆင်ပြေစေရန် ရည်ရွယ် ဆောင်ရွက်နေကြောင်း ၎င်းတာဝန်ရှိသူက ပြောသည်။မြစ်ကြီးနားအထိ အမြန်လမ်းမ ဖောက်လုပ်နိုင်ပါက မြန်မာနိုင်ငံ အထက်ပိုင်း နှင့် အောက်ပိုင်းဒေသများ အထိ ကုန်သွယ် သွားလာရေး ပိုမို ကောင်းမွန်လာမည် ဖြစ်ကြောင်း ၊ သို့သော် ယခု ဘဏ္ဍာနှစ်တွင်တော့ ဖောက်လုပ်မည် မဟုတ်ကြောင်း သိရသည်။

လက်ရှိတွင် ရှစ်လမ်းသွားအဖြစ် ဖော်ဆောင်မည့် ရန်ကုန်-မန္တလေး အမြန်လမ်းမကို ပြည်တွင်းကုမ္ပဏီများ နှင့် ပြည်တွင်းပြည်ပ ဖက်စပ်ကုမ္ပဏီများ လျှောက်ထားနိုင်ကြောင်း သိရသည်။ သတ်မှတ်စံချိန်စံနှုန်း နှင့် ကိုက်ညီသော ကုမ္ပဏီအား ရွေးချယ်သွားမည် ဖြစ်ပြီး ၎င်းရွေးချယ်မှု အတွက် လျှို့ဝှက်စနစ်ဖြင့် စိစစ် ရွေးချယ်ဆဲ ဖြစ်ကြောင်း သိရသည်။အဆိုပါ အမြန်လမ်းသည် မြန်မာနိုင်ငံတွင် အရှည်ဆုံး အမြန်လမ်းမ တစ်ခုအဖြစ် ပါဝင်ပြီး လက်ရှိတွင် ယာဉ် မတော်တဆ ဖြစ်ပွားမှုများသော လမ်းမတစ်ခုအဖြစ် ဝေဖန်မှုများ ရှိနေသည့်အတွက် အဆင့် မြှင့်တင်ခြင်း နှင့် လမ်းပိုင်းနေရာများ၌ ခြံစည်းရိုး ကာခြင်းများ ဆောက်ရွက်လျက်ရှိကြောင်း နေပြည်တော်- ရန်ကုန် အမြန်လမ်း၏ Facebook စာမျက်နှာတွင် သတင်း ထုတ်ပြန်ထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.