Connect with us

Politics, Law & Military

လှည်းကူးမြို့နယ်တွင် တရားမဝင်သစ်များနှင့် တရားခံများ ဖမ်းမိ

ဖမ်းဆီးရမိသော တရားမ၀င်သစ်များအား တွေ့ရစဉ်(ဓာတ်ပုံ- သစ်တောဦးစီးဌာန)

ရန်ကုန်၊ ဇွန် ၁၅ ရက် (ဆင်ဟွာ)

လှည်းကူးမြို့နယ်၊ မုဆိုးညောင်ပင် ကျေးရွာအနီးတရားမဝင်ပိတောက်ခွဲသားများနှင့် တရားခံများ ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနထံမှ ထုတ်ပြန်သော သတင်းအရ သိရသည်။

တရားမဝင်သစ်ရှာဖွေဖော်ထုတ်ဖမ်းဆီးခြင်း လုပ်ငန်း ဆောင်ရွက်ရာ ဇွန် ၁၄ ရက်နေ့တွင် လှည်းကူးမြို့နယ်၊ မုဆိုးညောင်ပင် ကျေးရွာအနီးနေရာ၌ ယာဉ်အမှတ် (7G/2028) Light Truck ယာဉ်နှင့် ယာဉ်အမှတ်(7P/4982) Light Truck ယာဉ်ယာဉ်(၂)စီးပေါ်မှ တရားမဝင်ပျဉ်းကတိုးခွဲသား (၂၈၆)ချောင်း (၂.၃၇၆၄)တန်နှင့် တရားခံ(၅)ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိခဲ့ပြီး၊ အဆိုပါ ဖမ်းဆီးရမိ တရားမဝင်သစ်များ၊ ယာဉ်နှင့် တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.