Connect with us

Politics, Law & Military

ကချင်ပြည်နယ် ရှိ မိုးကောင်းတံတားထိပ်တွင် ကျောက်စိမ်းအရွယ်စုံကျောက်တုံး ၁၆၃၃ တုံး အားဖမ်းဆီးရမိ

ဖမ်းဆီးရမိသူများအားတွေ့ရစဉ် (ဓာတ်ပုံ-- ကြေးမုံ)

ရန်ကုန်၊ သြဂုတ် ၁၇ ရက် (ဆင်ဟွာ)

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် မိုးကောင်းတံတားထိပ်တွင် သတင်းအရ စောင့်ဆိုင်းရှာဖွေရာ ကျောက်စိမ်းအရွယ်စုံကျောက်တုံး ၁၆၃၃ တုံးကို သိမ်းဆည်းရမိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဖြစ်စဉ်မှာ ကျောက်များသယ်ဆောင်လာသော ကားတစ်စီးဖြတ်သန်းလိမ့် မည်ဟူသော သတင်းပေးမှုအရ နယ်ထိန်းခေါင်းဆောင် ရဲအုပ်ဇော်ဝင်းဦးစီးသော တပ်ဖွဲ့ဝင်များသည် သြဂုတ် ၁၆ ရက် နံနက် ၇ နာရီက မိုးကောင်းတံတားထိပ်တွင် စောင့်ဆိုင်းနေစဉ် မိုးကောင်းမြို့မှ မြစ်ကြီးနားသို့ ဦးအောင်ကိုသက် မောင်းနှင်လာသော အပြာရောင်ခြောက်ဘီးယာဉ် 5A/—-ကို ရပ်တန့်စစ်ဆေးရာ ဖွဲအိတ်များအောက်တွင် မသင်္ကာဖွယ်ရာတွေ့ရသဖြင့် ယာဉ်ကိုမိုးကောင်းမြို့မရဲစခန်းသို့ မောင်းနှင်စေ၍ သက်သေများ ရှေ့တွင်စစ်ဆေးရာ ကျောက်စိမ်းအရွယ်စုံကျောက်တုံး ၁၆၃၃ တုံးကို တွေ့ရှိသဖြင့် ခြင်တွယ်ရာ ၂ဝ၄၇ ပိဿာ ခန့်ရှိကြောင်းတွေ့ရပြီး ပိုင်ရှင်မှာ ဦးညီဇေမင်းကျော်ဖြစ်ကြောင်း ထွက်ဆိုကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်းဦးအောင်ကိုသက်၊ ကျောက်ပိုင်ရှင် ညီဇေမင်းကျော် ယာဉ်ပေါ်လိုက်ပါလာသူ ဦးဇင်ကိုလတ်နှင့် ဦးဒိုးလေးအောင် တို့လေးဦးကို မိုးကောင်းမြို့မရဲစခန်းက အရေးယူဆောင်ရွက်ထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.