Connect with us

Politics, Law & Military

ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန အသစ် တိုးချဲ့ဖွင့်လှစ်

ပြည်ထောင်စုလွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်း ဂုဏ်ပြုစကား ပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ)

၂၀၃၀ ခုနှစ်တွင် မြန်မာနိုင်ငံရှိ ကျေးရွာအားလုံး၏ ၈၀ ရာခိုင်နှုန်းနှင့် နိုင်ငံတွင်းရှိ ကျေးလက် လူဦးရေ၏ ၉၀ ရာခိုင်နှုန်းတို့ ရာသီမရွေးသွားလာနိုင်သည့် ကျေးလက်လမ်းများ အသုံးပြုနိုင်ရေး မဟာဗျူဟာ ရည်မှန်းချက်အရ ဆောက်လုပ်ရေးဝန်ကြီးဌာနအောက်တွင် ကျေးလက်ဖွံ့ဖြိုးရေး ဦးစီးဌာန ဟူသည့် ဦးစီးဌာန အသစ်တစ်ခု တိုးချဲ့ ဖွင့်လှစ်သည့် ပွဲကို နေပြည်တော် ဆောက်လုပ်ရေး ဝန်ကြီးဌာနတွင် ယနေ့နံနက် ပြုလုပ်ခဲ့သည်။

အလျား ကီလိုမီတာ တစ်သိန်းခန့်ရှီသည့် ကျေးလက်လမ်း( ကျေးရွာ ကုန်ထုတ်လမ်း၊ ကျေးရွာချင်း ဆက်လမ်းများအား ကောင်းမွန်ပြီး ရာသီမရွေး အသုံးပြုနိုင်ရေးအတွက် ပြည်ထောင်စု အစိုးရအဖွဲ့က ၂၀၁၇ ဇူလိုင် ၂၁ ရက်နေ့တွင် အဆိုပါ ဦးစီးဌာနကို ညွှန်ကြား ရေးမှူးချုပ် တစ်ဦး၊ ဒုတိယ ညွှန်ကြား ရေးမှူးချုပ် သုံးဦး ပါဝင်သည့် အရာထမ်း ၅၆၇ ဦး၊ အမှုထမ်း ၂၄၃၇ ဦး တို့ဖြင့် ဖွဲ့စည်းခွင့်ပြုခဲ့ ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ယနေ့ အဖွင့် မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ထို့အပြင် ၎င်းက “နိုင်ငံတော်ရဲ့ export ကိုကြည့်ရင် ကျေးလက်ထုတ်ကုန်တွေက ၉၆ ရာခိုင်နှုန်း ရှိပါ တယ်၊ ဒီလို exportလုပ်နိုင်ဖို့ ကျေးလက်ကုန်ထုတ်လမ်းတွေကတစ်ဆင့် ပို့ဆောင်ရေး လမ်းမကြီး တွေဆီကို သယ်ယူရတာပါ၊ အမြန်ဆုံး၊ ဈေး အသက်သာဆုံး သယ်ယူ ပို့ဆောင်ပေးရေးအတွက် ကျေးလက် လမ်းတွေက အလွန်အရေးကြီးပါတယ်” ဟုလည်း ပြောခဲ့သည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် အဖွင့် အမှာစကား ပြောကြားနေစဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန် ဂုဏ်ပြုစကား ပြောကြားစဉ် (ဆင်ဟွာ)

ကျေးလက်နေ ပြည်သူများ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး အပါအဝင် နေ့စဉ် ဆောင်ရွက်ကြရ သည့် အမှုကိစ္စအားလုံး အဆင်ပြေ အောင်မြင်ရေးအတွက် ကျေးလက်လမ်းများကောင်းမွန်ရေးက အဓိက ကျလှကြောင်း၊ ယခုဦးစီးဌာနသည် နိုင်ငံရေးအရလည်း အရေးပါလှကြောင်း၊ ကျေးလက်နေ ပြည်သူတို့Grass Root နှင့် ထိတွေ့ဆက်ဆံရေး၊ ပြည်သူတို့၏ မျှော်မှန်းချက်များကို လက်တွေ့ ကျကျ ဆောင်ရွက် ပေးနိုင်ရေး၊ ပြည်သူတို့၏ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး တို့အတွက် အရေးပါသော ဌာနလည်း ဖြစ်ကြောင်း၊ ထို့ကြောင့် လမ်းဆောက်လုပ်ရေး လုပ်ငန်းများကို တစ်မိုးအောက်ထဲတွင် ထားရှိရခြင်းဖြစ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ပြောခဲ့သည်။

အဆိုပါ ဦးစီးဌာနအသစ် ဖွင့်ပွဲသို့ ပြည်ထောင်စု လွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်း၊ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန်တို့ တက်ရောက်ခဲ့ကြပြီး ဂုဏ်ပြု စကားများ အသီးသီး ပြောကြား ချီးမြှင့်ခဲ့ကြသည်။

ဦးမန်းဝင်းခိုင်သန်းက “ဒီကနေ့ဟာ မင်္ဂလာရှိတဲ့နေ့ပါ၊ အကြောင်းကတော့ ဆောက်လုပ်ရေး ဝန်ကြီး ဌာနအနေနဲ့ မူလက အမြန်လမ်းမကြီးများ၊ ပြည်ထောင်စုလမ်းမကြီးများ၊ ပြည်နယ်ချင်းဆက် မြို့နယ်ချင်း ဆက် လမ်းမကြီးများ စတဲ့အဓိက လမ်းမကြီးတွေကိုသာ တာဝန်ယူ ဆောင်ရွက်နေတဲ့ အခြေအနေကနေ ဒီကနေ့မှာတော့ ကျေးလက် လမ်း တံတားတွေကိုပါ အရှိန်အဟုန်နဲ့ တာဝန်ယူ ဆောင်ရွက်တော့မှာဖြစ်တဲ့အတွက် ဖြစ်ပါတယ်” ဟုလည်းကောင်း၊

သံအမတ်ကြီး မစ္စတာ ဟုန်လျန်က “ဒီဌာန ဖွင့်လှစ်တဲ့အတွက် များစွာ ဂုဏ်ယူဝမ်းမြောက်မိပါတယ်၊ တရုတ် ပြည်သူပြည်သားတွေ အမြဲပြောတာက လမ်းကောင်းကောင်း ဖောက်ပြီးမှ ချမ်းသာနိုင်တယ် ဆိုတဲ့စကားပါ။ မြန်မာနိုင်ငံ လူဦးရေအများဆုံးက ကျေးလက်ဒေသမှာ ရှိနေပြီး လယ်ယာစိုက်ပျိုးရေး ဟာ မြန်မာနိုင်ငံရဲ့ အဓိက စီးပွားရေးတစ်ခုဖြစ်ပါတယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး၊ ခေတ်မီတဲ့ လယ်ယာစိုက်ပျိုးရေး၊ ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး လုပ်ငန်းတွေ ဆောင်ရွက်ရာမှာ ကျေးလက်လမ်း တွေ ကောင်းကောင်း တည်ဆောက်ဖို့လိုပါတယ်၊ ဒါကလည်း ပြည်သူလူထု လူနေမှုဘဝနဲ့ ဆက်စပ် တဲ့ လုပ်ငန်းပါပဲ။ အခုလို ကျေးလက်လမ်း ဦးစီးဌာန ဖွဲ့စည်းခြင်းဟာ အင်မတန်အရေးကြီးပါတယ် လို့ကျွန်တော် ပြောချင်ပါတယ်၊ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံအနေနဲ့ နောက်ပြီး မြန်မာပြည်သူ လူထုရဲ့ ဆွေမျိုး ပေါက်ဖော် အနေနဲ့တရုတ်နိုင်ငံအစိုးရနဲ့ တရုတ်နိုင်ငံ ပြည်သူ ပြည်သားများက မြန်မာနိုင်ငံ ကျေးလက်ဒေသ လမ်း ဆောက်လုပ်ရေးအတွက် တတ်နိုင်သလောက် ကူညီပေးသွားမှာ ဖြစ်ပါတယ်၊ အဲဒါကလည်း ကျွန်တော်တို့နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်တဲ့ One Belt, One Road စီမံကိန်းရဲ့ ရည်မှန်းချက်ပဲ ဖြစ်ပါတယ်” ဟု လည်းကောင်း အသီးသီး ပြောကြားခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.