Connect with us

Politics, Law & Military

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ တည်ငြိမ်အေးချမ်းလာသဖြင့် စစ်အုပ်ချုပ်ရေး ရုပ်သိမ်း

ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ရေးဒေသ အား စစ်အုပ်ချုပ်ရေး ရုပ်သိမ်းလိုက်ကြောင်း နိုင်ငံပိုင်သတင်းစာတွင် ထုတ်ပြန် လိုက်သည် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန်၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ် မြောက်ပိုင်း ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတွင် ထုတ်ပြန်ထားသော စစ်အုပ်ချုပ်ရေးကို နိုဝင်ဘာ ၁၇ ရက်နေ့ ရက်စွဲဖြင့် ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း ကို နိုင်ငံပိုင်သတင်းစာတွင် ထုတ်ပြန်လိုက်သည်။

အဆိုပါဒေသသည် အုပ်ချုပ်ရေး၊ ရပ်ကွက်အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့သည် မူလအခြေအနေသို့ ပြန်လည်ရောက်ရှိလာကာ တည်ငြိမ်အေးချမ်းမှု ရရှိလာသောကြောင့် ထုတ်ပြန်ထားသော စစ်အုပ်ချုပ်ရေးကို ရုပ်သိမ်းလိုက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၁၃၊ပုဒ်မခွဲ(ခ)အရ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ်(၂/၂၀၁၅)ဖြင့် ထုတ်ပြန်ထားသော စစ်အုပ်ချုပ်ရေးကို နိုဝင်ဘာ ၁၇ ရက်နေ့တွင် နိုင်ငံတော် သမ္မတဦးသိန်းစိန်က ရုပ်သိမ်းလိုက်သည်။

ကိုးကန့်ဒေသ၌ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၇ ရက်ကနေ မှ မေလ ၁၇ ရက်ထိ ရက် ၉၀ အရေးပေါ်အခြေအနေ ကြေညာပြီး သက်တမ်းပြည့်သွားခဲ့ပြီး မူလ အခြေအနေကို ပြန်မရောက်သဖြင့် သမ္မတက စစ်အုပ်ချုပ်ရေးကာလကို သြဂုတ် ၁၇ ရက်ထိ နောက်ထပ် ၃ လ ထပ်မံ တိုးမြှင့်ခဲ့သည်။

ပြည်ထောင်စုလွှတ်တော်က သြဂုတ် ၁၈ ရက်နေ့တွင်တတိယအကြိမ်နှင့် နောက်ဆုံးအကြိမ်အဖြစ် စစ်အုပ်ချုပ်ရေး ရက်ပေါင်း ၉၀ထပ်မံ တိုးမြှင့် အုပ်ချုပ်ရန် အတည်ပြုထားမှုသည် ယနေ့ သုံးလပြည့်ခဲ့ပြီး ဒေသ တည်ငြိမ်လာသဖြင့် ထပ်မံမတိုးမြင့်ပဲ ရုပ်သိမ်းလိုက်သည်။

အစိုးရတပ်မတော်နှင့် တိုက်ပွဲများ သုံးလကြာ ဖြစ်ပွားခဲ့သော မြန်မာနိုင်ငံ လူမျိုးစုများ ဒီမိုကရေစီ မဟာမိတ် တပ်ပေါင်းစု (MNDAA) မှ ဇွန်လ ၁၀ ရက်နေ့တွင် တစ်ဖက်သတ် အပစ်အခတ် ရပ်စဲရေး ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117