Connect with us

Politics, Law & Military

ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်၌ ဓါတုဆေးရည် ၂၈,၄၆၈ လီတာ သိမ်းဆည်းရမိမှု

သိမ်းဆည်းရမိသည့် သက်သေခံပစ္စည်းများအားတွေ့ရစဉ် (ဓာတ်ပုံ--ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ) 

ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်၌ ဓါတုဆေးရည် ၂၈,၄၆၈ လီတာ သိမ်းဆည်းရမိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန က ယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက် ၁၀း၀၀ နာရီတွင်  မူဆယ်မြို့နယ်၊ နောင်ရမ်းကျေးရွာနေ ဒေါ်နန်းအောင်ရင်(စိစစ်ဆဲ) ဂိုထောင်၌ တရားမဝင်ဓါတုဆေးရည်များ သိုလှောင်ထားကြောင်း သတင်းအရ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့တို့မှ ဝင်ရောက်ရှာဖွေစဉ် ဒေါ်နန်းအောင်ရင်နှင့် သားဖြစ်သူ စိုင်းအိုက်ဝါ(၃၀)နှစ်တို့ ၂ ဦး ရောက်ရှိလာ၍ ဆက်လက်ရှာဖွေရာ ဂိုထောင်အတွင်း ရပ်တန့်ထားသည့် 3J/xxxx ၆ ဘီးယာဉ်(လိုင်စင်-စိစစ်ဆဲ)ပေါ်မှ ကြက်သွန်ဖြူအိတ်/တစ်သျှူးစက္ကူထုပ်များဖြင့် ဖုံးအုပ်ထားသော ဓါတုဆေးရည် (အမျိုးအစား-စိစစ်ဆဲ)များထည့်ထားသည့် ပလပ်စတစ်ပုံး ၂၉၉ ပုံး ၇,၄၂၈ လီတာ၊ ဂိုထောင်အတွင်းမှ ဓါတုဆေးရည်(အမျိုးအစား-စိစစ်ဆဲ)များ ထည့်ထားသည့် ပလပ်စတစ်ပုံးနှင့် သံပုံးဝိုင်း ၈၈၀ ပုံး ၂၁,၀၄၀ လီတာ၊ စုစုပေါင်း ဓါတုဆေးရည် ၂၈,၄၆၈ လီတာနှင့် ဂိုထောင်အတွင်းရပ်ထားသည့် 9G/xxxx ရှောက်ဂျင်းလင်း ၆ ဘီးယာဉ် ၁ စီး(လိုင်စင်-စိစစ်ဆဲ)တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ဒေါ်နန်းအောင်ရင်ပါ ၂ ဦးအား စစ်မေးရာ အဆိုပါဂိုထောင်အား ၂၀၁၉ ခုနှစ်၊ ဇွန်လ ၂၈ ရက်တွင် မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်နေ ကျော်ဦး(၃၀)နှစ်အား အငှားစာချုပ်ချုပ်ဆို ကာ ငှားရမ်းထားခြင်းဖြစ်ကြောင်း သိရှိရ၍ ၂၁:၁၀နာရီ အချိန်တွင် ကျော်ဦး(ဖမ်းမမိ)အား မူဆယ်မြို့မ ရဲစခန်း(ပ)၈၄၈/၂၀၁၉၊ ဓါတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီးကာကွယ်ရေးဥပဒေ ပုဒ်မ ၃၇/၃၈ ဖြင့် အမှုဖွင့်စုံစမ်းလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.