Connect with us

Politics, Law & Military

ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပမည့် မဲဆန္ဒနယ်များတွင် မဲဆန္ဒရှင် အသိ ပညာပေး လက်ကမ်း စာစောင် ၄ သိန်းကျော် ဖြန့်ဝေသွားမည်

မဲဆန္ဒရှင် အသိပညာပေး လုပ်ငန်းများ ဆိုင်ရာ ညှိနှိုင်း အစည်းအဝေးအား တွေ့ ရစဉ်(ဓာတ်ပုံ-UEC)

ရန်ကုန် ၊ မတ် ၈ ရက်(ဆင်ဟွာ)

ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပမည့် မဲဆန္ဒနယ် အသီးသီးတွင် မဲဆန္ဒရှင် အသိပညာပေး လက်ကမ်း စာစောင် စုစုပေါင်း ၄၄၅၀၀၀ နှင့် နံရံကပ် စာစောင် စုစုပေါင်း ၆၉၅၀၀ တို့အား မဲဆန္ဒရှင် ပြည်သူများ အကြား ပျံ့နှံ့ ရောက်ရှိ စေရန် ဖြန့်ဝေသွားမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ သိရသည်။

မဲဆန္ဒရှင်များ အနေဖြင့် တက်ကြွစွာ ပါဝင် မဲပေးနိုင်ရေး နှင့် ထိုသို့မဲပေးခြင်းသည် နိုင်ငံသား တို့၏ တာဝန် နှင့် ရပိုင်ခွင့် ဖြစ်ကြောင်း သိရှိလာစေရန် စာတိုပို့စနစ်(SMS ပေးပို့ခြင်း)ကို အသုံးပြုခြင်း ၊ အရပ်ဘက် အဖွဲ့ အစည်းများ နှင့် ညှိနှိုင်း ပူးပေါင်း ဆောင်ရွက်ခြင်း တို့ဖြင့် အရှိန် မြှင့်တင် လုပ်ဆောင်ရန် လိုအပ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက ဖေဖော်ဝါရီ ၇ ရက်တွင် ပြုလုပ်သော ကြားဖြတ် ရွေးကောက်ပွဲ အတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် နှင့် အရပ်ဘက် အဖွဲ့အစည်းများ အကြား မဲဆန္ဒရှင် အသိပညာပေး လုပ်ငန်းများ ဆိုင်ရာ ညှိနှိုင်း အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ရွေးကောက်ပွဲတွင် အားလုံးပါဝင် နိုင်ရေး သည် အထူးပင်အရေးကြီး၍ အရပ်ဘက် အဖွဲ့အစည်းများ အနေဖြင့် မဲဆန္ဒရှင် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အမျိုးသမီးများ၊ လူနည်းစုတိုင်းရင်းသားများ၊ မသန်စွမ်း မဲဆန္ဒရှင် များနှင့် အသက် ၁၈ နှစ် ပြည့်ပြီး သည့် လူငယ်များအားလုံး ပါဝင်နိုင်ရေး အလေးထား နှိုးဆော် တိုက်တွန်း ပေးစေ လိုကြောင်း အစည်းအဝေးတွင် ထည့်သွင်း ပြောကြားခဲ့သည်။

အထူးသဖြင့် လာမည့် ကြားဖြတ် ရွေးကောက်ပွဲတွင် ပထမဆုံး အကြိမ်မဲပေးမည့် အသက် ၁၈ နှစ် ပြည့် ပြီးသည့် မဲဆန္ဒရှင်လူငယ်များ မဲပေးနိုင် ရေးအတွက် အားပေး လှုံ့ဆော် ပေးစေလိုကြောင်း၊ ကြားဖြတ် ရွေးကောက်ပွဲများသည် သက်ဆိုင်ရာ မဲဆန္ဒနယ်များအတွင်း လစ်လပ်နေသော ကိုယ်စားလှယ်နေရာများကို ရွေးချယ် နိုင်ရန်အတွက်သာ ကျင်းပခြင်းဖြစ်၍ မဲဆန္ဒရှင်များအနေဖြင့် စိတ်ဝင်စားမှု နည်းပါးလေ့ရှိသော်လည်း မဲဆန္ဒရှင်များ ပိုမိုပါဝင်လာနိုင်ရန် အလေးထား ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.