Connect with us

Politics, Law & Military

၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလတွင် လောင်းကစားမှု ၂၅၅ မှုအားဖမ်းဆီးရမိ

ဖမ်းဆီးရမိသည့်လောင်းကစားမှုများအားတွေ့ရစဉ် (ဓာတ်ပုံ-- ရဲဇာနည်)

ရန်ကုန်၊ မတ် ၈ ရက် (ဆင်ဟွာ)

၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလတွင် နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်ရဲတပ်ဖွဲ့များအလိုက် လောင်းကစားမှု ၂၅၅ မှုအားဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ သတင်းထုတ်ပြန်သည်။

နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်ရဲတပ်ဖွဲ့များအလိုက် ဖမ်းဆီးရမိခဲ့သည့် လောင်းကစားမှုများမှာ နေပြည်တော်တွင် ၇ မှု၊ ကချင်ပြည်နယ်တွင် ၁ မှု၊ ကရင်ပြည်နယ်တွင် ၅ မှု ၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂၄ မှု၊ တနသာၤရီတိုင်းဒေသကြီးတွင် ၇ မှု၊ ပဲခူးတိုင်းဒေသကြီးတွင် ၄၀ မှု၊ မကွေးတိုင်းဒေသကြီးတွင် ၂၇ မှု၊ မန္တလေးတိုင်းဒေသကြီးတွင် ၂၆မှု၊ မွန်ပြည်နယ်တွင် ၁၈ မှု၊ ရခိုင်ပြည်နယ်တွင် ၉မှု၊ ရန်ကုန်တိုင်းဒေသကြီးတွင် ၆၂မှု၊ ရှမ်းပြည်နယ်တွင် ၈မှု၊ ဧရာဝတီတိုင်းဒေသကြီးတွင် ၂၁ မှု ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.