Connect with us

Politics, Law & Military

ငွေရေးကြေးရေး နယ်ပယ်တွင် ပြုပြင်ပြောင်းလဲမှုများ တိုးမြှင့် ဆောင်ရွက်ရန် ပြင်ဆင်နေဟု နိုင်ငံတော် သမ္မတ ပြောကြား

ဘဏ္ဍာရေးကော်မရှင် အစည်းအဝေးတွင် ဥက္ကဋ္ဌ ဖြစ်သူ နိုင်ငံတော်သမ္မတက ရှင်းလင်း ပြောကြားနေစဉ် (Myanmar President Office)

ရန်ကုန် ၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ)

နိုင်ငံတော် အနေဖြင့် ငွေရေးကြေးရေး နယ်ပယ်တွင် ပြုပြင်ပြောင်းလဲမှုများ တိုးမြှင့်ဆောင်ရွက်ရန် ပြင်ဆင်နေပြီ ဖြစ်ကြောင်း ဘဏ္ဍာရေးကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးထင်ကျော် က ယနေ့ အောက်တိုဘာ ၃၁ ရက်တွင် နိုင်ငံတော်သမ္မတ အိမ်တော် အစည်းအဝေးခန်းမ၌ ပြုလုပ်သည့် ဘဏ္ဍာရေးကော်မရှင် (၂/၂၀၁၆) အစည်းအဝေးတွင် ပြောကြားခဲ့သည်။

လတ်တလောဖြစ်ပေါ်နေသည့် နိုင်ငံတော်၏ မက်ခရို စီးပွားရေးအခြေအနေအရ စုစုပေါင်း ပြည်တွင်း ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (ဂျီဒီပီ) သည် ခန့်မှန်းထားသည် ထက် လျော့နည်းနိုင်ပြီး စီးပွားရေး တိုးတက်မှုနှုန်းသည် ခန့်မှန်းသည်ထက် လျော့နည်းနိုင်သည်ကို တွေ့ရှိရကြောင်း နိုင်ငံတော်သမ္မတ ဦးထင်ကျော် က ပြောကြားခဲ့သည်။

ဘဏ္ဍာရေးကော်မရှင် (၂/၂၀၁၆) အစည်းအဝေးအား ကျင်းပပြုလုပ်စဉ် (Myanmar President Office)

မြန်မာနိုင်ငံသည် နိုင်ငံခြားငွေလဲလှယ်နှုန်း မတည်ငြိမ်မှုများကို ကြုံတွေ့ခဲ့ရကြောင်း၊ နှစ်အဆက်ဆက် ဘတ်ဂျက်လိုငွေပြမှု အပါအဝင် ကုန်ထုတ်လုပ်မှု၊ စားသုံးမှု၊ ဝယ်လိုအား၊ ရောင်းလိုအား အခြေအနေများအရ ငွေဖောင်း ပွမှုနှုန်း မြင့်မားလာသည်ကို တွေ့ရှိရကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

ထိုကြောင့် အသေးစားနှင့်အလတ်စား စက်မှုလုပ်ငန်းများ၊ စီးပွားရေး လုပ်ငန်းများအတွက် ငွေကြေး ထောက်ပံ့မှု တိုးမြှင့်ရရှိရန်၊ နိုင်ငံပိုင်လုပ်ငန်းများ ပြန်လည်တည်ဆောက်ရန်၊ ပြောင်းလဲနိုင်ရန် ဆက်လက် ဆောင်ရွက်နေပြီဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးထင်ကျော် က ပြောကြားခဲ့သည်။

ကမ္ဘာ့စီးပွားရေး နှေးကွေးကြပ်တည်းနေသည့် ယခု အချိန်တွင် နိုင်ငံတော်၏ဘဏ္ဍာငွေများကို သုံးစွဲရာတွင် စိစိစစ်စစ်၊ အကျိုးရှိရှိ သုံးစွဲကြရန်၊ သုံးစွဲမှုများနှင့် ပတ်သက်၍လည်း ပွင့်လင်းမြင်သာမှု မြှင့်တင်ပြီး စောင့်ကြည့်မှုခံယူနိုင်ရန် ပြောကြားခဲ့သည်။

ထို့အတူ နိုင်ငံ့စီးပွားရေးကို အကျိုးပြုနိုင်သည့် စီမံကိန်းများ၊ ဘတ်ဂျက်များ ဖြစ်ရန် အစိုးရဌာန ဆိုင်ရာများက တာဝန်ယူမှု၊ တာဝန်ခံမှု၊ တာဝန်သိမှု အပြည့်အဝရှိရန် အရေးကြီးကြောင်း၊ ပြည်သူ့ဘဏ္ဍာငွေများကို ကိုင်တွယ်သုံးစွဲကြရာတွင် ပြည်သူ့အကျ ိုးအတွက် စနစ်တကျရှိကြရန် လိုအပ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

ပြည်ထောင်စုအစိုးရအဖွဲနှင့် တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များ အနေဖြင့် ဘဏ္ဍာရေးကော်မရှင်က ထောက်ခံ တင်ပြခဲ့သည့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွက် နောက်ထပ်ခွဲဝေပေးသည့် ဘဏ္ဍာငွေ များကို နိုင်ငံတော်နှင့် ပြည်သူအတွက် အကျိုးရှိ ထိရောက်အောင် စီမံခန့်ခွဲသုံးစွဲကြရန် နိုင်ငံတော် သမ္မတ က မှာကြားခဲ့သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117