Connect with us

Politics, Law & Military

ငြိမ်းချမ်းရေး၏ အဓိက လိုအပ်ချက်မှာ ယုံကြည်မှုသာ ဖြစ်သည်ဟု နိုင်ငံတော် သမ္မတ ပြော

နေပြည်တော် မြို့ တော် ခန်းမ အရှေ့ တွင် ယနေ့ နံနက် ကျင်းပသည့် အကြိမ်(၇၀) မြောက် ပြည်ထောင်စုနေ့  အခမ်း အနား၌ နိုင်ငံတော် သမ္မတ ဦးထင်ကျော် ပေးပို့ သည့် သ၀ဏ်လွှာကို ဒုတိယ သမ္မတ (၁) ဦးမြင့်ဆွေက ဖတ်ကြားနေစဉ်။(ဆင်ဟွာ)

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၂ ရက် (ဆင်ဟွာ)

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၏ အဓိက လိုအပ်ချက်သည် ယုံကြည်မှုသာ ဖြစ်သောကြောင့် တိုင်းရင်းသား ညီအစ်ကို မောင်နှမများ အကြား သံသယ စိတ် ကင်းစင်ပြီး ခိုင်မာသည့် ယုံကြည်မှု ရရှိရန် ကြိုးပမ်း သွားဖို့လိုအပ်သည်ဟု (၇၀) ကြိမ်မြောက် ပြည်ထောင်စု နေ့အခမ်းအနားသို့ပေးပို့သော နိုင်ငံတော် သမ္မတ၏ သဝဏ်လွှာတွင် ဖော်ပြပါရှိသည်။

“အမျိုးသား ပြန်လည် သင့်မြတ်ရေးကို ဆောင်ရွက် ကြရာမှာလည်း နိုင်ငံတော်နဲ့တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေအကြား သင့်မြတ်အောင် ဆောင်ရွက်ရုံသာမက တိုင်းရင်းသား အချင်းချင်း အကြား သင့်မြတ်ရေးအတွက်ပါ ဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ရဲ့ အဓိက လိုအပ်ချက်ဟာ ယုံကြည်မှုပင် ဖြစ်တဲ့အတွက် တိုင်းရင်းသား ညီအစ်ကို မောင်နှမများ အကြား သံသယစိတ် ကင်းစင်ပြီး ခိုင်မာတဲ့ ယုံကြည်မှု ရရှိဖို့ ကြိုးပမ်းသွား ဖို့လိုအပ်ပါ တယ်၊ တိုင်းရင်းသား သွေးစည်းညီညွတ်မှုနဲ့ အမျိုးသား ပြန်လည် သင့်မြတ်မှုတို့ ခိုင်မာသည်ထက် ခိုင်မာအောင် တည်ဆောက်နိုင်တာနဲ့အမျှ ငြိမ်းချမ်း သာယာ ဝပြောတဲ့ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကြီးကို မလွဲမသွေ တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်” ဟု သဝဏ်လွှာတွင် ဖော်ပြထားသည်။

နေပြည်တော် မြို့တော် ခန်းမ အရှေ့တွင် အကြိမ်(၇၀) မြောက် ပြည်ထောင်စုနေ့ အခမ်း အနား ကျင်းပနေစဉ်(ဆင်ဟွာ)

နေပြည်တော် ၌ကျင်းပသော အကြိမ်(၇၀) မြောက် ပြည်ထောင်စုနေ့ အခမ်း အနား၌ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် အလေးပြုနေစဉ်(ဆင်ဟွာ)

နိုင်ငံတော် သမ္မတ ဦးထင်ကျော် ပေးပို့သည့် အဆိုပါ သဝဏ်လွှာကို နေပြည်တော် မြို့တော် ခန်းမ အရှေ့တွင် ယနေ့နံနက် ၇ း ၀၀ နာရီ၌ ကျင်းပသည့် အကြိမ် (၇၀) မြောက် ပြည်ထောင်စုနေ့ အခမ်း အနား တွင် ဒုတိယ သမ္မတ (၁) ဦးမြင့်ဆွေက ဖတ်ကြားခဲ့သည်။ ယနေ့အခမ်းအနားသို့ ပြည်ထောင်စု အစိုးရအဖွဲ့ဝင် ဝန်ကြီး၊ ဒုတိယ ဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ အရပ်ဘက် စစ်ဘက် အရာရှိကြီးများ၊ ဌာဆိုင်ရာများနှင့် အသင်းအဖွဲ့များမှ အရာရှိကြီးများ၊ ကိုယ်စားလှယ်တော်များစုစုပေါင်း သုံးရာကျော်ခန့်တက်ရောက်ခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117