Connect with us

Politics, Law & Military

ငွေကျပ်သိန်း ၁၄,၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ကွတ်ခိုင်မြို့နယ်တွင် ဖမ်းဆီးရမိ

ဖမ်းဆီးရမိသူများ နှင့် မူးယစ်ဆေးဝါးများအားတွေ့ရစဉ် (ဓာတ်ပုံ-- တပ်မတော်သတင်းပြန်ကြားရေးအဖွဲ့)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ မော်ဟန်ကျေးရွာ အရှေ့မြောက်ဘက် မီတာ ၄၀၀၀ ခန့်အကွာရှိ တာမိုးညဲ-ကွတ်ခိုင်သွားကားလမ်း၌ နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော်စစ်ကြောင်းက ယာဉ်ဝင် /ထွက်မှုများအား စစ်ဆေးဆောင်ရွက်စဉ် ငွေကျပ်သိန်း ၁၄,၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းဆီးရမိကြောင်း တပ်မတော်သတင်းပြန်ကြားရေးအဖွဲ့မှ သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၉ ရက် ည ၁၀ နာရီခွဲခန့်တွင် တာမိုးညဲဘက်မှ ကွတ်ခိုင်ဘက်သို့ ဦးအားမုန်(ဘ) ဦးရန်ဝင်းတန်း မောင်းနှင်၍ ဦးဝမ်ဆင်းလီ(ဘ)ဦးအားဝမ်နှင့် ဦးဝမ်းဆင်းဟယ်(ဘ) ဦးအားဝမ်တို့ လိုက်ပါလာသည့် RIBO အမျိုးအစား ယာဉ်အမှတ် YGN-6L /—-ယာဉ် အား ရပ်တန့်စစ်ဆေးရာ ဘိန်းဖြူထည့်ထားသည့် ဆပ်ပြာခွက် ၃၈၈၃ ခွက်နှင့်ဘိန်းဖြူထုပ် ၃၀ ထုပ် (စုစုပေါင်းခန့်မှန်း ၆၀ဒသမ ၁ ကီလိုဂရမ်ခန့်)၊ (စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် သိန်း ၁၄,၀၀၀ ကျော်)ကိုရှာဖွေ တွေ့ရှိဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသူများ၊ ယာဉ်နှင့် မူးယစ်ဆေးဝါးများအား တာမိုးညဲနယ်မြေရဲစခန်းသို့ လွှဲပြောင်း အပ်နှံသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.