Connect with us

Politics, Law & Military

တပ်မတော် Y-8လေယာဉ်မှ ရုပ်အလောင်း၃၁ လောင်းရှာဖွေတွေ့ရှိထား

Y-8 လေယာဉ်မှ ရှာဖွေတွေ့ရှိထားသော ရုပ်အလောင်းများအား သယ်ယူနေစဉ်(ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ရန်ကုန်၊ ဇွန် ၉ ရက် (ဆင်ဟွာ)

ပျောက်ဆုံးသွားသည့် Y-8 လေယာဉ်ပျက်ကျမှုတွင် ဇွန် ၈ ရက်နေ့ ညနေ ၇နာရီထိ အမျိုးသားရုပ်အလောင်း ၂ လောင်း၊ အမျိုးသမီး ရုပ်အလောင်း ၂၁ လောင်း၊ ကလေးရုပ်အလောင်း ၈ လောင်း စုစုပေါင်း ရုပ်အလောင်း ၃၁ လောင်းအား ရှာဖွေတွေ့ရှိထားကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ထုတ်ပြန်သည်။

အဆိုပါ ရုပ်အလောင်း ၃၁ လောင်းနှင့် အခြားပစ္စည်းများအနေဖြင့် Y-8 လေယာဉ်၏ အစိတ်အပိုင်းဖြစ်သည့် လေယာဉ်ဘီးတစ်လုံး၊ အသက်ကယ်အင်္ကျီများနှင့် ပစ္စည်းထည့်သည့်အိတ်အချို့အား ဆယ်ယူရရှိခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ယင်းနေ့ ညနေပိုင်းတွင် ထားဝယ်မြို့၊ တပ်မတော်ဆေးရုံသို့ ရောက်ရှိလာသည့် ရုပ်အလောင်းများကိုလည်း ကျွမ်းကျင်သူများဖြင့် ဆေးဘက်ဆိုင်ရာ စစ်ဆေးမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။

ရန်ကုန်-ထားဝယ်-မြိတ်-ဘုတ်ပြင်း-မြိတ်-ရန်ကုန် ခရီးစဉ်အတိုင်း ယနေ့ ဇွန်လ ၇ရက်က သက်သာချောင်ချိရေးပစ္စည်းနှင့် ခရီးသည်များ ပို့ဆောင်သော အဆိုပါ တပ်မတော်လေယာဉ်သည် ပျံသန်းနေစဉ်အတွင်း ထားဝယ်မြို့ အနောက်ဘက် မိုင် ၂၀ ခန့်အရောက်တွင် ရုတ်တရက် ဆက်သွယ်မှု ပြတ်တောက်ပျောက်ဆုံးခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.