Connect with us

Politics, Law & Military

လှေစီးသွားလာသူ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၁ဝ၀ ကျော်ကို အောက်တိုဘာ ၁၂ ရက်တွင် ထပ်မံ လွှဲပြောင်းပေးမည်

ဘင်္ဂလားဒေ့ရှ် နိုင်ငံသားအဖြစ် အတည်ပြုပြီးသည့် လှေစီး ဒုက္ခသည်များ နေရပ် ပြန်ရန် ပြင်ဆင်နေပုံ (ဓာတ်ပုံ- MOI)

ရန်ကုန်၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ)

လှေစီးသွားလာသူ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၁ဝ၀ ကျော်ကို အောက်တိုဘာ ၁၂ ရက်တွင် ထပ်မံ လွှဲပြောင်း ပေးသွားမည် ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရ အဖွဲ့မှ တာဝန်ရှိသူက ဆင်ဟွာကို ယနေ့ ပြောကြားသည်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ တာဝန်ရှိသူက “ ကျွန်တော်တို့ လွှဲမှာက တော့ စစ်ဆေးပြီး ၁၀၅ ဦး လွှဲမှာပါ။ ဒီတစ်ခေါက် လွှဲပြီးရင် လှေစီးသွားလာသူ ၇၇ ဦး ကျန်ဦးမှာပါ။ ကျန်တဲ့သူတွေကို နှစ်နိုင်ငံ ဆက်လက် ညှိနှိုင်းပြီး ဆောင်ရွက်သွားမှာပါ’’ ဟုပြောသည်။

၂ဝ၁၅ ခုနှစ် မေလနှင့် ဇူလိုင်လ အတွင်း မြန်မာ့ တပ်မတော် (ရေ) မှ တွေ့ရှိ ကယ်ဆယ်ခဲ့သည့် လှေစီး သွားလာသူများကို မူရင်း နေရပ်သို့ ပြန်လည် ပို့ဆောင် နိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ် နိုင်ငံနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ရာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား စုစုပေါင်း ၆၂၆ ဦးကို ငါးကြိမ်ခွဲ၍ ပြန်လည် ပို့ဆောင်ခဲ့ပြီး ဖြစ်သည်။

ရခိုင်ပြည်နယ် တောင်ပြို လက်ဝဲမြို့တွင် ကျန်ရှိနေသည့် လှေစီး သွားလာသူများအနက် ဘင်္ဂလားဒေ့ရှ်ဘက်မှ စိစစ်၍ ပြန်လည် လက်ခံရန် အတည်ပြုပြီးဖြစ်သည့် လှေစီး သွားလာသူ စုစုပေါင်း ၁၀၀ ကျော်ကို ထပ်မံ လွှဲပြောင်းနိုင်ရန် နှစ်နိုင်င ံညှိနှိုင်း ဆောင်ရွက်ခဲ့ပြီး အဆိုပါ စိစစ်ပြီး လှေစီး သွားလာသူများကို အောက်တိုဘာ ၁၂ ရက်တွင် ဘင်္ဂလာဒေ့ရှ် နိုင်ငံ ဘက်သို့ လွှဲပြောင်းသွားမည် ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရ အဖွဲ့မှ တာဝန်ရှိသူက ဆိုသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117