Connect with us

Politics, Law & Military

နယ်စပ်ဒေသလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး အဆင့်မြင့် အရာရှိကြီးများ ဆွေးနွေး

နယ်စပ်ဒေသလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး အဆင့်မြင့် အရာရှိကြီးများ ဆွေးနွေးပွဲ တက်ရောက်လာသူများ (ဆင်ဟွာ)

နေပြည်တော်၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ)

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် ပြည်သူ့ သမ္မတနိုင်ငံ၏ နယ်စပ်ဒေသလုံခြုံရေးနှင့် တရား ဥပဒေစိုးမိုးရေး ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ ဝန်ကြီးအဆင့် အစည်းအဝေး အတွက် ကြိုတင် ပြင်ဆင်သည့် အစည်းအဝေးကို နေပြည်တော် Horizon Lake View Hotel ၌ ယနေ့နံနက် ၉ း ၀၀ နာရီတွင် ပြုလုပ်ခဲ့သည်။

ထိုအစည်းအဝေးသို့ မြန်မာနိုင်ငံဘက်မှ မြန်မာ ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ပြည်ထဲရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးတင်မြင့်နှင့် အရာရှိကြီးများ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်သူ့ လုံခြုံရေး ဌာန အတွင်းဝန် Mr. Mostafa Kamal နှင့် အရာရှိကြီးများ တက်ရောက်ခဲ့ကြပြီး ဆွေးနွေးခဲ့ကြပြီး ဝန်ကြီးအဆင့် အစည်းအဝေးတွင် အတည်ပြုရန် ဆုံးဖြတ်ချက်များ ချမှတ်ခဲ့ကြသည်။

နယ်စပ်ဒေသလုံခြုံရေးနှင့် တရား ဥပဒေစိုးမိုးရေး ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ ဝန်ကြီးအဆင့် အစည်းအဝေးကို နေ့လယ် ၂ း ၀၀ နာရီတွင် ပြည်ထဲရေး ဝန်ကြီးရုံး၌ ဆက်လက် ကျင်းပမည်ဖြစ်ပြီး မြန်မာနိုင်ငံဘက်မှ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ပြည်ထဲရေးဝန်ကြီးဌာန Mr. Asaduzzaman Khan တို့ တွေ့ဆုံ ဆွေးနွေးကြပြီး နေ ၄ း ၀၀ နာရီတွင် MoU ရေးထိုးကြကာ ညနေ ၅ း ၀၀ နာရီတွင် Horizon Lake View Hotel ၌ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်သွား မည်ဟု ရဲ အရာရှိကြီးတစ်ဦးက ပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.