Connect with us

Politics, Law & Military

ဖားကန့်မြို့နယ်တွင် ငွေကျပ် ၂၃,၄၇၅.၆ သိန်း တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

မူးယစ်ဆေးဝါးများ နှင့် အတူ ဖမ်းဆီးရမိသူတို့အားတွေ့ရစဉ် (ဓာတ်ပုံ-- ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ)

ဖားကန့်မြို့နယ်တွင် ငွေကျပ် ၂၃,၄၇၅ .၆ သိန်း တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှအောက်တိုဘာ ၂၄ ရက်နေ့က သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်နေ့ ၁၈၃၀ အချိန် မူးယစ်တပ်ဖွဲ့စု(၃)မိုးညှင်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ လယ်ပြင် ကျေးရွာ ပူးပေါင်းစစ်ဆေးရေး ဂိတ်တွင် ဝေမင်း(ခ)အေးသား မောင်းနှင်ပြီး ကျော်အောင်(ခ)အားတီ လိုက်ပါလာသည့် မော်တော်ယာဉ်ကိုရှာဖွေရာ ယာဉ်၏ကြမ်းခင်းအံဝှက်များအတွင်းမှ စိတ်ကြွရူးသွပ် ဆေးပြား (၂၃၄,၀၀၀) ပြား၊ ဘိန်းဖြူ ဆပ်ပြာခွက် ၁၁၀ ခွက်(ဘိန်းဖြူ အလေးချိန် ၁. ၃၂ ကီလို)၊ ဘိန်းဆီခဲ (၆၆) ကီလို ၊ လက်ကိုင်ဖုန်း တစ်လုံးတို့ကိုသိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ အောက်တိုဘာ ၂၃ ရက်နေ့ ၁၀၀၀ အချိန် ပူးပေါင်းအဖွဲ့ဖြင့် ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ဆွတ်အောင် ကျေးရွာ အိမ်အမှတ်(၁/၅၁)နေ ကျော်အောင်(ခ) အားတီ၏နေအိမ်ကိုရှာဖွေရာ အိပ်ခန်းရှိ သံသေတ္တာ အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား (၉၆,၀၀၀) ပြား၊ ဘိန်းဖြူ ဆပ်ပြာခွက် ၈၈ ခွက်(ဘိန်းဖြူ အလေးချိန် ၁ ဒသမ ၀၅၆ ကီလို)နှင့် ခြံဝင်းအတွင်းရှိ မော်တော်ယာဉ်၏ကြမ်းခင်းအံဝှက်အတွင်းမှ ဘိန်းဖြူ ဆပ်ပြာခွက် (၁၃၆)ခွက် (ဘိန်းဖြူ အလေးချိန် ၁ ဒသမ ၆၃၂ ကီလို) တို့ကိုထပ်မံသိမ်းဆည်း ရမိခဲ့ သဖြင့့်် ကျော်အောင်(ခ) အားတီ၊ (၂၄)နှစ်နှင့် ဝေမင်း (ခ) အေးသား၊ (၄၀)နှစ်တို့အား မူးယစ်ဆေးဝါး နှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.