Connect with us

Politics, Law & Military

ကြားဖြတ် ရွေးကောက်ပွဲတွင် ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူများ အတွက် မဲဆန္ဒရှင် သက်သေခံ လက်မှတ်များ ထုတ်ယူရန် ကော်မရှင်မှ မေတ္တာရပ်ခံ

ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် မဲဆန္ဒရှင် သက်သေခံ လက်မှတ်အား ပြသနေသူ တစ်ဦးအား တွေ့ ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ မတ် ၁၅ ရက်(ဆင်ဟွာ)

ကြားဖြတ်ရွေးကောက်ပွဲတွင် ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူများ အတွက် မဲဆန္ဒရှင် သက်သေခံ လက်မှတ်များအား သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံး များတွင် မတ် ၁၇ ရက်မှ စတင်၍ ထုတ်ပေးမည် ဖြစ်ရာ လာရောက် ထုတ်ယူကြရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ မေတ္တာရပ်ခံခဲ့သည်။

မဲဆန္ဒရှင်သက်သေခံလက်မှတ်များကို ၃ဝ.၃.၂ဝ၁၇ ရက် အထိ နေ့စဉ်ထုတ်ပေးသွားမည်ဖြစ်ကြောင်း ၊ မဲဆန္ဒရှင်များ အနေဖြင့် မဲဆန္ဒရှင် သက်သေခံ လက်မှတ်များကို ကိုယ်တိုင် သို့မဟုတ် မိသားစုတစ်စုလျှင် အိမ်ထောင်ဦးစီး သို့မဟုတ် မိသားစုဝင် တစ်ဦးဦးမှ လာရောက်ထုတ်ယူကြရန် ဖြစ်ကြောင်း သိရသည်။

ရွေးကောက်ပွဲနေ့တွင် မဲဆန္ဒရှင်သက်သေခံလက်မှတ် မပါရှိပါကလည်း မဲစာရင်းတွင် ပါရှိက ဆန္ဒမဲပေးနိုင်ကြောင်း ၊ သို့သော်လည်း မဲဆန္ဒရှင်များက မဲဆန္ဒရှင်သက်သေခံလက်မှတ်များကို လာရောက်ထုတ်ယူခြင်းအားဖြင့် ကူညီ ဆောင်ရွက် ပေးကြရန် မေတ္တာရပ်ခံခဲ့သည်။

မဲဆန္ဒရှင်တစ်ဦးသည် မဲဆန္ဒရှင်သက်သေခံလက်မှတ် လက်ဝယ် ရရှိ ထားခြင်း အားဖြင့် မိမိ အမည် မဲစာရင်းတွင် ပါဝင်ပြီး ရွေးကောက်ပွဲတွင် ဆန္ဒမဲ ပေးပိုင်ခွင့် ရရှိကြောင်း သေချာ ခိုင်လုံစေရန် ၊ မဲဆန္ဒရှင်မှ ဆန္ဒမဲလက်မှတ် လာရောက် ထုတ်ယူရာတွင် မဲလက်မှတ် ထုတ်ပေးသူအနေဖြင့် မဲစာရင်းတွင် လွယ်ကူစွာ ရှာဖွေနိုင်ပြီး အချိန်ကုန် သက်သာစေရန် ၊ မဲဆန္ဒရှင် သက်သေခံလက်မှတ်ပါ မိမိ၏ အချက်အလက်များ မှားယွင်း နေပါက သက်ဆိုင်ရာ မဲဆန္ဒရှင် ကိုယ်တိုင် ပြင်ဆင် ပေးနိုင်ရန် ၊ သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲအနေဖြင့် မဲဆန္ဒရှင်၏ မှန်ကန်သော အချက်အလက်များကို မဲဆန္ဒရှင်စာရင်းတွင် ပြန်လည် ပြင်ဆင် နိုင်ရန် ရည်ရွယ်ချက်များဖြင့် မဲဆန္ဒရှင် သက်သေခံ လက်မှတ် များကို ထုတ်ပေး သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.