Connect with us

Politics, Law & Military

နိုင်ငံတော်သမ္မတ ဦးထင်ကျော်က (၇၂) ကြိမ်မြောက် ကုလသမဂ္ဂ နှစ်ပတ်လည်နေ့သို့ သဝဏ်လွှာ ပေးပို့

နိုင်ငံတော် သမ္မတပေးပို့သော သ၀ဏ်လွှာအားတွေ့ရစဉ်(ဓာတ်ပုံ- နိုင်ငံတော် သမ္မတရုံး)

ရန်ကုန်၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ)

(၇၂)ကြိမ်မြောက် ကုလသမဂ္ဂ နှစ်ပတ်လည်နေ့သို့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်က သဝဏ်လွှာပေးပို့လိုက်ကြောင်း နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ သဝဏ်လွှာတွင် နုနယ်သေးသည့် ဒီမိုကရေစီနိုင်ငံ တစ်နိုင်ငံဖြစ်သော မြန်မာနိုင်ငံအနေဖြင့် စိန်ခေါ်မှုများစွာကို ရင်ဆိုင်နေရလျက်ရှိသော်လည်း အစိုးရအနေဖြင့် အဆိုပါစိန်ခေါ်မှုများကို အောင်မြင်စွာ ဖြေရှင်း ကျော်လွှားရေးအတွက် ပြည်သူများ၏ တက်ကြွစွာ ပူးပေါင်းပါဝင်မှုနှင့် နိုင်ငံတကာမှ မိတ်ဆွေများ၏ စဉ်ဆက်မပြတ် ကူညီထောက်ပံ့မှုများဖြင့် မဆုတ်မနစ် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတက ဆိုသည်။

မြန်မာနိုင်ငံအနေဖြင့် အဖွဲ့ဝင်နိုင်ငံများနည်းတူ သဘာဝပတ်ဝန်းကျင် ရေရှည်ထိန်းသိမ်းရေး ကတိကဝတ်အဖြစ် ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အပြည်ပြည်ဆိုင်ရာပါရီသဘောတူညီချက်ကို အတည်ပြုပါဝင်ကြောင်းနှင့် ကျိုတိုနောက်ဆက်တွဲစာချုပ်၏ ဒိုဟာပြင်ဆင်ချက်ကို လက်ခံကြောင်း စာချွန်လွှာတို့ကို ယခုနှစ် ကုလသမဂ္ဂအထွေထွေညီလာခံကာလတွင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ထံ သို့ ပေးအပ်အကြောင်းကြားခဲ့ကြောင်း သဝဏ်လွှာအတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံသည် ၂၀၃၀ ပြည့်နှစ် စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေး ရည်မှန်းချက်များအား ကုလသမဂ္ဂအဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်း များ၊ ပြည်သူများနှင့်အတူ လက်တွဲအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

(၇၂)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ ဆောင်ပုဒ်မှာ “ရေရှည်တည်တံ့ ခိုင်မြဲသော ကမ္ဘာပေါ်ရှိ လူသားများအားလုံးအတွက် ငြိမ်းချမ်းမှုနှင့် သင့်လျော်သည့် လူနေမှုဘဝရရှိရေး ပြည်သူများကို အလေးပေး” ဟူ၍ဖြစ်ပြီး အဆိုပါဆောင်ပုဒ်သည် မြန်မာနိုင်ငံအနေဖြင့် ဆောင်ရွက်လျက်ရှိသည့် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီအသွင် ကူးပြောင်းရေး လုပ်ငန်းစဉ်၊ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မှုလုပ်ငန်းစဉ်များအတွက် တွန်းအားတစ်ရပ်ဖြစ်ကြောင်း သမ္မတက ပြောသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.