Connect with us

Politics, Law & Military

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည့် အာဆီယံ ထိပ်သီး အစည်းအဝေး အစီအစဉ်များ ထုတ်ပြန်

အာဆီယံ ထိပ်သီး အစည်းအဝေး၏ ကြိုတင်ပြင်ဆင်ရေးအစည်းအဝေးအဖြစ် အာဆီယံအဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးကို လာအိုနိုင်ငံ၌ ကျင်းပစဉ်(ဓာတ်ပုံ-MOFA)

ရန်ကုန် ၊ စက်တင်ဘာ ၅ ရက်(ဆင်ဟွာ)

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည့် လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့တွင် ကျင်းပပြုလုပ်မည့် ၂၈ ကြိမ် နှင့် ၂၉ ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးများ နှင့် ဆက်စပ် ထိပ်သီးအစည်းအဝေး အစီအစဉ်များအား နိုင်ငံခြားရေး ဝန်ကြီးဌာနမှ စက်တင်ဘာ ၅ ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။

၂၈ ကြိမ် နှင့် ၂၉ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးများနှင့် ဆက်စပ်ထိပ်သီးအစည်းအဝေးများ၏ ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာလ ၆ရက်နေ့တွင် ဗီယင်ကျန်းမြို့ အမျိုးသား ကွန်ဗင်းရှင်းစင်တာ (NCC)၌ ကျင်းပ ပြုလုပ်မည် ဖြစ်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် လာအိုနိုင်ငံသို့ စက်တင်ဘာလ ၆ ရက်တွင် သွားရောက်မည် ဖြစ်ကြောင်း သိရသည်။
၂၈ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတွင် အာဆီယံအသိုက်အဝန်း ထူထောင်မှု ကြိုးပမ်း ဆောင်ရွက်ချက်များ အထူးသဖြင့် အာဆီယံအသိုက်အဝန်းမျှော်မှန်းချက်၂၀၂၅ နှင့် ရှေ့ဆက် ဆောင်ရွက်မှု ဆိုင်ရာ အကောင်အထည်ဖော်မှုကို ဆွေးနွေးမည်ဖြစ်ပြီး၊ ၂၉ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတွင် အာဆီယံပြည်ပဆက်ဆံရေးနှင့် အနာဂတ်ဦးတည်ချက်များဆိုင်ရာကိစ္စရပ်များအပြင် ဒေသတွင်းနှင့် နိုင်ငံတကာ ပြဿနာများတွင် ဘုံစိတ်ဝင်စားမှုနှင့် စိုးရိမ်ပူပန်မှုအပေါ် အမြင်ချင်းဖလှယ်ခြင်းတို့ကို အလေးထား ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။
အာဆီယံ+၁ ထိပ်သီးအစည်းအဝေးများတွင် ဒေသတွင်းနှင့် နိုင်ငံတကာပြဿနာများအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခြင်း၊ အနာဂတ်ဦးတည်ချက်များဆွေးနွေးခြင်းနှင့် ပူးပေါင်းဆောင်ရွက်ရေးတို့ကို ပြန်လည်သုံးသပ်သွားမည်ဖြစ်ပြီး ၁၉ ကြိမ်မြောက် အာဆီယံ+၃ (တရုတ်-ဂျပန်-ကိုရီးယား) ထိပ်သီးအစည်းအဝေးနှင့် ၁၁ ကြိမ်မြောက ်အရှေ့အာရှထိပ်သီးအစည်းအဝေးတို့တွင် အာဆီယံနှင့် အနာဂတ်ပူးပေါင်းဆောင်ရွက်ရေးဦးတည်ချက်တို့ကို ဆွေးနွေးသုံးသပ်သွားမည့်အပြင် ဒေသတွင်းနှင့် နိုင်ငံတကာပြဿနာများအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။
၂၈ ကြိမ် နှင့် ၂၉ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးများနှင့် ဆက်စပ် ထိပ်သီး အစည်းအဝေး များအား စက်တင်ဘာလ ၆ ရက် မှ ၈ရက်နေ့အထိ အာဆီယံ-တရုတ် ဆွေးနွေးဖက်ဆက်ဆံရေး ၂၅ နှစ်ပြည့် အထိမ်း အမှတ် အဖြစ် ကျင်းပမည့် ၁၉ ကြိမ်မြောက် အာဆီယံ-တရုတ် ထိပ်သီးအစည်းအဝေး၊ ၁၉ ကြိမ်မြောက် အာဆီယံ-ဂျပန်ထိပ်သီးအစည်းအဝေး၊ ၁၈ ကြိမ်မြောက် အာဆီယံ-ကိုရီးယား ထိပ်သီးအစည်းအဝေး၊ ၁၉ ကြိမ်မြောက် အာဆီယံ+၃ ထိပ်သီးအစည်းအဝေး၊ ပထမအကြိမ် အာဆီယံ- သြစတြေးလျ ထိပ်သီးအစည်းအဝေး၊ ၈ ကြိမ်မြောက် အာဆီယံ- ကုလသမဂ္ဂ ထိပ်သီးအစည်းအဝေး၊ ၁၄ ကြိမ်မြောက် အာဆီယံ-အိန္ဒိယ ထိပ်သီးအစည်းအဝေး၊ ၄ ကြိမ်မြောက် အာဆီယံ-အမေရိကန်ပြည်ထောင်စု ထိပ်သီးအစည်းအဝေး၊ ၁၁ ကြိမ်မြောက် အရှေ့အာရှ ထိပ်သီးအစည်းအဝေးနှင့် ၈ ကြိမ်မြောက် မဲခေါင်-ဂျပန် ထိပ်သီး အစည်းအဝေး ကိုလည်း ဆက်စပ် အစည်းအဝေးများ အဖြစ် ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.