Connect with us

Politics, Law & Military

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့အား အမေရိကန် နိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံ

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် နှင့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး တွေ့ဆုံစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန် ၊ နိုဝင်ဘာ ၁၅ ရက်(ဆင်ဟွာ)

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်း စုကြည် နှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့အား အမေရိကန်ပြည်ထောင်စု၊ နိုင်ငံခြားရေးဝန်ကြီး Hon. Rex Tillerson က ယနေ့ နိုဝင်ဘာ ၁၅ ရက်တွင် နေပြည်တော်၌ တွေ့ဆုံခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ၎င်း၏ မြန်မာနိုင်ငံခရီးစဉ်မှာ မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်ကိစ္စ၏ သိမ်မွေ့နက်နဲမှု၊ မြန်မာအစိုးရ၏ သဘောထားအမြင်နှင့် ကြိုးပမ်း ဆောင်ရွက်နေမှုများကို ပိုမိုသိရှိ နားလည်ရေးအတွက်ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် နှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် နှင့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး တွေ့ဆုံစဉ်(ဓာတ်ပုံ-MOI)

ထို့အတူ တစ်ဖက်နိုင်ငံသို့ နေရပ် စွန့်ခွာ ထွက်ပြေးသူများအား ပြန်လည် လက်ခံရေးအတွက် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့အကြား ညှိနှိုင်း ဆွေးနွေးနေမှုများကို ကြိုဆိုကြောင်း၊ အမေရိကန် အစိုးရအနေဖြင့် ရခိုင်ပြည်နယ်တွင် လူသားချင်း စာနာထောက်ထားမှု အကူအညီအဖြစ် အမေရိကန် ဒေါ်လာ ၄၇ သန်း ထပ်မံပေးအပ်သွားမည်ဖြစ်ကြောင်း၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ မြန်မာနိုင်ငံနှင့် လက်တွဲ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။အစိုးရအနေဖြင့် ရခိုင်ပြည်နယ် အကျပ်အတည်းကို ဖြေရှင်းရန် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း၊ နေရပ်စွန့်ခွာထွက်ပြေးသူများ နေရပ်ပြန်ရောက်ရန် အစီအစဉ်များရေးဆွဲကာ အကောင်အထည်ဖော်လျက် ရှိပါကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ထို့ပြင် ရခိုင်ပြည်နယ် ပြဿနာနှင့် ပတ်သက်၍ လက်ရှိအချိန်တွင် အမေရိကန်နိုင်ငံက မြန်မာနိုင်ငံကို ပိတ်ဆို့အရေးယူမှုပြုလုပ်မည် မဟုတ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက တွေ့ဆုံမှု အပြီး နှစ်နိုင်ငံ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် တွေ့ဆုံရာတွင် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားလျက်ရှိသည့် ဖြစ်စဉ်မှန်များအား နိုင်ငံတကာ မှ သိရှိစေရန်အတွက် ဆောင်ရွက်သင့်သည့် ကိစ္စရပ်များ၊ မြန်မာနိုင်ငံသို့ ပြန်လည် ဝင်ရောက်လာသည့် ဘင်္ဂါလီ လူမျိုးများအတွက် အစိုးရမှ ပြန်လည် နေရာ ချထားနိုင်ရေး ဆောင်ရွက်နေမှု အခြေအနေများနှင့် စပ်လျဉ်း၍ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး၏ အကြံပြုချက်များကို အမြင်ချင်းဖလှယ်ပြီး အကြမ်းဖက်မှု နှိမ်နင်းရေးနှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်လက်တွဲ ပူးပေါင်း ဆောင်ရွက်နိုင်ရန် နည်းလမ်းရှာဖွေရေး ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ အပြန် အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.