Connect with us

Politics, Law & Military

စဉ့်ကူးမြို့နယ်၌ရွှေခိုးတူးသော အမျိုးသား(၄)ဦးအင်းအတွင်း ပိတ်မိနေရာမှ(၃)ဦးသေဆုံး

အင်းနံရံ ပြိုကျသည့် မှတ်တမ်းဓာတ်ပုံအားတွေ့ရစဉ် (ဓာတ်ပုံ-- ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ)

စဉ့်ကူးမြို့နယ်၌ရွှေခိုးတူးသော အမျိုးသား(၄)ဦးအင်းအတွင်း ပိတ်မိနေရာမှ(၃)ဦး သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက် ၀၉း၃၀နာရီ ချိန် စဉ့်ကူးမြို့နယ်၊ ငါးပြားပေးကျေးရွာ၊ ပြည်သာနိုင်ရွှေသတ္တုတူးဖော်ရေး ကုမ္ပဏီအတွင်းရှိ ဦးညွန့်ဝင်း ၏ အင်းအတွင်းသို့ အောင်မျိုးဦး နှင့် အပေါင်းအပါ (၄)ဦးတို့ ဝင်ရောက်ခိုးယူတူးဖော်စဉ် အင်းနံရံပြိုကျကာ ပိတ်မိခဲ့ခြင်း ဖြစ်သည်။

သတင်းအရ ၁၁း၂၀ နာရီ အချိန် စဉ့်ကူးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကြည်သက်မောင်နှင့် စဉ့်ကူးမြို့နယ် ရဲတပ်ဖွဲ့မှူးဦးစီး အဖွဲ့တို့မှသွားရောက်၍ ရေအနက်(၁၈၀)ပေရှိ အင်းအတွင်း မှရေများအား ရေစုပ်စက်(၃)လုံးဖြင့် စုပ်ထုတ်ခဲ့ရာ ရေအနက်(၄၅)ပေခန့် ကျန်ရှိနေပြီး ၁၆း၄၅ နာရီ အချိန် ဒုရဲအုပ် သန့်ဇင်ဦး ဦးစီးအဖွဲ့တို့မှ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၁၅ ရက်နေ့ ၀၄း၀၀ နာရီအချိန် အင်းအတွင်း ရေအနက်(၁၀)ပေသာ ကျန်ရှိ၍ ၀၄း၃၅ နာရီ အချိန် အင်းအတွင်း ဝင်ရောက်ရှာဖွေရာ အောင်မျိုးဦး၊ အောင်မြင့်သန်း နှင့် အခြား ၁ ဦး ၏ အလောင်းများအား ဦးခေါင်း/ယာတံတောင်/မျက်ခုံးပေါက်ပြဲ ဒဏ်ရာများဖြင့် လည်းကောင်း၊ ဇင်ဝိုင်း အား ခေါင်းသားလင့်စင်အောက်နား ထောင့်တွင် ပြင်ပဒဏ်ရာ မရှိဘဲ အသက်ရှင်လျက် လည်းကောင်း တွေ့ရှိခဲ့သဖြင့် ၂၁း၂၀ နာရီ အချိန် ဇင်ဝိုင်းနှင့် သေဆုံးသူများအား ကျည်တောက်ပေါက် ဆေးရုံသို့ ပို့ဆောင်ကုသခဲ့ရာ ဇင်ဝိုင်းမှာ စိုးရိမ်ဖွယ် မရှိသဖြင့် ဆေးရုံမှ ဆင်းပေးခဲ့ပြီး ၁၅း၃၅ နာရီ အချိန် အောင်မျိုးဦး သေဆုံးမှုအား လက်ပန်လှရဲကင်းစခန်း သေမှုသေခင်းအမှတ်စဉ်(၁၅/၂၀၁၇)နှင့် အောင်မြင့်သန်းပါ(၂)ဦး သေဆုံးမှုအား သေမှုသေခင်းအမှတ်စဉ်(၁၆/၂၀၁၇)တို့ဖြင့် အရေးယူ အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.