Connect with us

Politics, Law & Military

နေပြည်တော်ကောင်စီနယ်မြေ အတွင်း တရားဥပဒေစိုးမိုးရေး၊ ဒုစရိုက်မှု ပပျောက်ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်မည်

CCTV ကင်မရာထိန်းချုပ် စင်တာ ဖွင့်ပွဲအခမ်းအနားအားတွေ့ရစဉ် (နေပြည်တော်ကောင်စီ)

ရန်ကုန်၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ) ရေးသားသူ/အိမွန်ကျော်

နေပြည်တော်ကောင်စီနယ်မြေ အတွင်း တရားဥပဒေစိုးမိုးရေး၊ ဒုစရိုက်မှု ပပျောက်ရေး လုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်မည်ဖြစ်ကြောင်း နေပြည်တော် မြို့တော်ဝန် ဒေါက်တာ မျိုးအောင်က ဒီဇင်ဘာ ၁၄ ရက်တွင် ပြုလုပ်သည့် CCTV ကင်မရာထိန်းချုပ် စင်တာ ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

နေပြည်တော်ကောင်စီ ၈ မြို့နယ်၌ ဉာဏ်ရည်တု နည်းပညာနှင့် လူမျက်နှာ၊ ယာဉ်နံပါတ်များအား မှတ်သား ထားနိုင်သည့် စောင့်ကြည့်ကင်မရာ ၃၃၅ လုံးတပ်ဆင် ထားပြီး အသစ်ဖွင့်လှစ် ဆောင်ရွက်လိုက်သည့် Command and control center နှင့်ချိတ်ဆက်ကာ နေပြည်တော်ကောင်စီနယ်မြေ အတွင်း တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေး ၊ ယာဉ်အန္တရာယ် ကင်းရှင်းရေး လုပ်ငန်းများနှင့် ဒုစရိုက်မှု ပပျောက်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

နေပြည်တော်ကောင်စီနယ်မြေ၌ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တည်ဆဲဥပဒေများအရ ရရှိနိုင်သည့် အခွင့်အရေးများ၊အကာအကွယ်ပေးမှုများကို အပြည့်အ၀ ခံစားခွင့်ရရှိစေရန် ရည်မှန်းချက်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ကြောင်း မြို့တော်ဝန် ဒေါက်တာ မျိုးအောင်က ဆိုသည်။ကင်မရာတပ်ဆင်ခြင်းနှင့် Command and control center တည်ဆောက်ခြင်း လုပ်ငန်းအတွက် ငွေကျပ် (၄၄၅၄ ဒသမ ၂၇) သန်း ကုန်ကျခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.